(၅၁)

5.3K 617 47
                                    

Unicode



မျက်စိမှိတ်ထားလိုက်သည်နှင့် ကြွင်းကျန်ရစ်ခဲ့သည်က ရမ္မက်သွေးကြွဖွယ်ရာ အထိအတွေ့ သက်သက်သာဖြစ်တော့၏။

အမှောင်ထဲတွင် ရွှီကျားလဲ့သည် ဖုရှောင်ယွီ၏ နူးညံ့ပါသည့် နှုတ်ခမ်းများက သူ့ကို နမ်းနေသည်ကို ရှင်းရှင်းလင်းလင်းပင် ခံစားနေရသည်။

အစပိုင်းတွင်မတော့ အရာအားလုံး သိမ်သိမ်မွေ့မွေ့ရှိလှသည်။

သို့သော်ငြား အနှီမုဆိုးငယ်လေးသည် ထိုမျှနှင့် ကျေနပ်နိုင်သေးဟန်မတူ။ ဖုရှောင်ယွီ၏ အသက်ရှုသံက တဖြည်းဖြည်း ပိုမြန်ဆန်လာကာ အနိုင်ယူလိုစိတ် ပြင်းပြထက်သန်နေပါသည့်တိုင် သူ့ လှုပ်ရှားမှုများက ကျွမ်းကျင်လိမ္မာမှုမရှိဘဲ ရွှီကျားလဲ့၏ နှာခေါင်းကိုပင် တိုက်မိလုနီးပါးဖြစ်နေသည်။

အလိုလိုတုန့်ပြန်မှုနှင့်အတူ ရွှီကျားလဲ့၏ ခေါင်းက တဖက်သို့ အနည်းငယ် လှည့်သွားသော်လည်း ဖုရှောင်ယွီက သူ့လက်များဖြင့် တင်းကျပ်စွာ ပြန်လည် ချုပ်ကိုင်လို့ထားသည်။

" အာ့ "

ဖုရှောင်ယွီမှာ ရုတ်တရက် အားစိုက်လိုက်မိသည်ဖြစ်၍ သူ့ ခါးက မခံနိုင်တော့ဘဲ ဆစ်ခနဲ ထိုးအောင့်သွားသည်။

" ခဏ .. "

ရွှီကျားလဲ့က မျက်လုံးတွေ ပြန်ဖွင့်လိုက်ပြီး နောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်သည်။

" ရွှီကျားလဲ့ ... "

ဖုရှောင်ယွီ၏ မျက်ခုံးတွေက နာကျင်မှုကြောင့် တွန့်ကြုတ်ထားသော်ငြား ထိုမျက်လုံးကြီးများကမူ ရွှီကျားလဲ့ကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်လို့နေသည်။

အနှီသူသည်ကား ကျောနာနေသည်ကိုတောင် သူ့ကို နမ်းရဖို့အတွက် လျစ်လျူရှုထားသည့် အိုမီဂါဖြစ်ပါ၏။

ရွှီကျားလဲ့သည် အသက်ပြင်းပြင်းတချက် ရှိုက်ရှူလိုက်ပြီး ခုတင်တဖက်ခြမ်းသို့ ကိုယ်ကို ရွေ့လိုက်ကာ ဖုရှောင်ယွီနံဘေးတွင် လှဲလျောင်းလိုက်သည်။

" လာ "

ထို့နောက်တွင် ဖုရှောင်ယွီ၏ ခါးကို ထိန်းကိုင်ထားပေးပြီး သူ့ ခန္ဓာကိုယ်ပေါ် အိုမီဂါကို ဖြည်းဖြည်းချင်း လှည့်လိုက်ကာ ရင်ခြင်းအပ် အနေအထားဖြင့် အိပ်စေပြီးနောက် လူနှစ်ယောက်အပေါ် စောင်ကို ခပ်တင်းတင်းလေး ဆွဲခြုံထားလိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now