Baby လူဆိုး (or)သူမလေးသာမြတ်နိုးရာ
Part-13
ကိုသူနဲ့ချိန်းထားတဲ့နေရာသို့ငုဝါအရင်ရောက်နေလေသည်။
"ဒီနေ့တော့ကိုသူကိုဖွင့်ပြောမယ်"
"ငုဝါကိုသူ့ကိုဘယ်လောက်ချစ်ကြောင်းငုဝါပြောမယ်"
ကန်ရေပြင်ကိုမျက်နှာမူထားသည့်ခုံတန်းလေးပေါ်ထိုင်ရင်းငုဝါတွေးနေမိသည်။
ခနနေတော့ကားအမဲရောင်လေးထိုးရပ်ပြီးကားပေါ်မှကိုသူဆင်းလာသည်။
"ကိုသူ"ငုဝါလက်လေးလှမ်းပြလိုက်သည်"
"ငု ကဘာကိစ္စရှိလို့လည်း"
"ငုဝါ ကိုသူ့ ကိုပြောစရာရှိလို့"
"ပြောလေငုရဲ့"
"ငုဝါပြောရင်"
"ကိုသူအလုပ်တွေရှုပ်နေတာကိုငုဝါခေါ်လိုက်မိတယ်"
"ရပါတယ် ငု ရဲ့"
"ငု ပြောစရာရှိတယ်ဆို"
"အင်း"ဒါပေမယ့်
"ငုဝါပြောလို့သင့်ပါ့မလားစဉ်းစားနေတာ"
"ကဲ ကို့ညီမလေးက ကို့ကိုဘာပြောမို့လည်း"
"ဟိုလေငုဝါ"လည်ပင်းလေးကိုပွတ်ပြီးပြောသင့်မပြောသင့်စဉ်းစားနေသည်။
"ငု ပြောပါဘာပြောမို့လည်း"
"ငုဝါ ငုဝါ ကိုသူ့ကိုချစ်တယ်"
မျက်လွှာလေးကိုအောက်ချရင်းလက်နှစ်ဖတ်ကိုကျစ်ကျစ်ပါအောင်ဆုတ်လိမ်ကာအရဲစွန့်၍သူမပြောလိုက်မိလေသည်။
သူရိန်လည်းသက်ပြင်းမောတစ်ချက်ကိုချပြီးသူသိတာပေါ့ဒီကောင်မလေးဒီလိုပြောမယ်ဆိုတာ၊သူလည်းငု ကိုသူ့အပေါ်မှာဒီထက်ပိုပြီးသံယောဇဉ်မထားဖို့ပြောမည်လို့ဆုံးဖြတ်ထားသည်။
"ကိုသူငုဝါကိုအထင်သေးသွားလားဟင်"
"ငု ကို ကိုအထင်မသေးပါဘူး"
"ဒါပေမယ့် ကို ငု အပေါ်မှာညီမလေးတစ်ယောက်ထက်မပိုနိုင်သေးဘူး"
"ရတယ် ငုဝါစောင့်မယ်"
"ငုဝါက ငုဝါခံစားချက်ကိုပြောပြတာ"
YOU ARE READING
Babyလူဆိုး(or)သူမလေးသာမြတ်နိုးရာ
Romance"Babyမင်းကကိုယ့်ရဲ့မြတ်နိုးရာလေးမလို့မင်းကိုဘယ်လိုနည်းနဲ့မှအထိခိုက်မခံနိုင်ဘူး...မင်းအတွက်ဆိုအသက်ပါပေးရဲပါတယ်ကွာ" #စည်းစိမ်မော်ကွန်း #စည်းစိမ်မော်ကွန်း+ပိုးအက္ခရာမိုင် #အလွန်း Stat to End date-4.5.2024(ပြန်လည်...