ခပ်လှမ်းလှမ်းကရပ်လို့ကြည့်နေမိတဲ့ အိမ်ငယ်လေးက တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ မားတို့ နေရောကောင်းရဲ့လား ...။ ပါးရဲ့စကားတွေကြောင့် ထယ်ရယ် ပါးတို့အိမ်အရိပ်ကို မနင်းပေမဲ့ တစ်ခါတစ်လေတော့လွမ်းလို့ လာကြည့်မိပါသည်။ ရစ်ခီသာ ဒီလိုလာကြည့်တာသိရင် သူ့ကြောင့်ဆိုပြီး စိတ်မကောင်း ဖြစ်ပါလိမ့်အုံးမည်။ အဲဒါကြောင့် ရစ်ခီအပြင်ထွက်သွားသည့်အချိန်မှ ထွက်လာလို့ကြည့်ဖြစ်တာပင်။ ထယ်ရယ့်ကြောင့် မားတို့ စိတ်ဆင်းရဲတယ်ဆိုရင်တောင် သူ့လိုသားမိုက်ကိုမေ့ထားပြီး မားတို့အေးချမ်းပျော်ရွှင်နေရင် ကောင်းမည်ဖြစ်သည်။
ထယ်ရယ်ကြည့်နေတုန်း ခြံတံခါး ဖွင့်လာတာကြောင့် အသာနောက်ကျောပေးလို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ ဆို့တက်လာတဲ့ရင်ကြောင့် မျက်ရည်တို့ဝဲလာရသည်။ ရုတ်တရက် ရှေ့ကနေ ပိတ်တိုက်မိတဲ့လူကြောင့် တောင်းပန်ရန်အမော့ မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် မျက်ရည်တို့အမြန်သုတ်လိုက်သော်လည်း မမှီတော့ချေ ...။ သူ့ကိုကြည့်နေသည့် မျက်ဝန်းတို့ထက် အားနာရိပ်နဲ့အတူ တောင်းပန်တိုးလျှိုးသည့်အကြည့်တို့ကြောင့် ထယ်ရယ် ဘာမှမဖြစ်သလိုပြုံးလိုက်ရင်း ....
" ဟိုဟာ ကိုယ် လမ်းကြုံတာနဲ့ ဒီနားရောက်- ....."
စကားတို့မဆုံးခင် တင်းကျပ်စွာပွေ့ဖက်ခံလိုက်ရသည့် ထယ်ရယ့် ကိုယ်လေး ...။
" တောင်းပန်ပါတယ် အစ်ကို .... တကယ် တောင်းပန်ပါတယ် ... "
ခပ်တိုးတိုးထွက်လာသည့်အသံကြောင့် ထယ်ရယ်သက်ပြင်းချလိုက်ပြီး ဖက်ထားရာက ခွာကာ ...ရစ်ခီ့မျက်နှာလေးအားကြည့်သည် ။
"ကိုယ်တကယ် အဆင်ပြေတယ် ... ဒီနားရောက်တော့ မားကိုသတိရသွားရုံလေးပဲ ... နောက်ပိုင်းကျ ပြန်အဆင်ပြေမှာလို့ ကိုယ်ယုံတာမို့ မင်းအပြစ်လို့ တွေးနေတာ ကိုယ်တကယ်မကြိုက်ဘူး ...ကိုယ်ပြောတာနားလည်လား .... "
ထယ်ရယ်ပြောတော့ ရစ်ခီက ခေါင်းငြိမ့်ပြလို့ နောက်တစ်ခါဖက်လို့လာသည်။ ထယ်ရယ်ကနောက်ကျောလေးအား အသာပုတ်ပေးလိုက်ပြီး ....
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠