UNI
Recommend song-Love Shine by lee heesang(♡ω♡ ) ~♪
-
ဆောင်းရာသီဖြစ်သည့်အတွက်အပြင်ထွက်လိုက်တာနဲ့တွေ့ရတဲ့နှင်းဖြူဖြူတွေ၊လာမဲ့ခရစ်စမတ်အတွက်စိတ်လှုပ်ရှားစွာပြောဆိုနေကြတဲ့လူတစ်ချိူ့၊ရာသီတွေသာပြောင်းလဲသွားပေမဲ့သူအကို့ပေါ်ထားတဲ့အချစ်ဆိုတဲ့အရာတွေကတော့လုံး၀ပြောင်းလဲသွားချေမရှိ။အင်းငေးကြည့်နေရတဲ့တစ်ဖက်သက်အချစ်ဆိုတာပေါ့...
မနက်ခင်းရဲ့လေပြည်လေးတွေကမဆိုသလောက်တိုက်လျှက်
ပေါ့ပေါ့ပါးပါးဆွယ်တာအညိုရောင်လေးတစ်ထည်နှင့်style pantsခပ်ဝါဝါနှင့်လွယ်အိတ်တစ်လုံးယူကာကျောင်းသို့ထွက်လာသည်
ကျောင်းထဲကိုခြေလှမ်းစလှမ်းလှမ်းချင်းတွေ့ရသူဟာသူ့ရဲ့အကို။အမြဲပြုံးရယ်နေတတ်သောအကိုဟာဒီနေ့တွင်တော့ကောင်မလေးတစ်ယောက်နှင့်ပို၍ရယ်မောဟန်ပြုနေပုံ
သူဆုတောင်းမိတယ်။အကိုသူ့ကိုမတွေ့ဖို့လေ။ကိုယ်တိတ်တစ်ခိုးချစ်နေရတဲ့သူကိုဘယ်သူကများအခြားမိန်းကလေးတစ်ယောက်နဲ့တွေ့ချင်မှာတဲ့လဲ။
သို့ပေမဲ့သူ့ဆုတောင်းကမပြည့်ခဲ့။သူ့နောက်သို့ခြေလမ်းခပ်ကျဲကျဲဖြင့်လိုက်လာသောအကို
"ဂျယ်ယွန်း~"
နူးညံ့စွာသူ့နာမည်ကိုခေါ်ဆိုလိုက်သောအကို
"ဂျယ်ယွန်းကိုယ်တို့နေ့လည်အတန်းချိန်မရှိရင်ကော်ဖီဆိုင်သွားကြမလား?ဂျေးကိုပါခေါ်ချင်ခေါ်ခဲ့လေဆယ်ရီလဲပါမှာ"
"အွန်းနေ့လည်အားမယ်ထင်ပါတယ်။ဟိုနားကကော်ဖီဆိုင်မဟုတ်လားအကို?"
တကယ်ဆိုသူငြင်းရမှာပါ။ဒါပေမဲ့သူအကိုပြောသမျှကိုမငြင်းဆိုနိုင်ဘူးလေ။အကိုသူ့အပေါ်သက်ရောက်မှုကထိုသို့ပင်။
ᕦ༼✩____🍄🌠"""""🌿☘️
သူနဲ့ဂျေးကော်ဖီဆိုင်ထဲ၀င်သွားတော့သူချစ်ရတဲ့အကိုနှင့်အကိုချစ်ရတဲ့မိန်းကလေးဟာတစ်စုံတစ်ခုကိုသဘောကျဟန်ရယ်မောလျှက်။
"ဂျယ်ယွန်းတို့လာပြီဘဲ"
"ဟုတ်"
"ကိုယ်မမှာရသေးဘူးနော်ဂျယ်ယွန်းတို့ကိုစောင့်နေတာ"