🧡အတိတ်မေ့ ခင်ပွန်း🧡Part 31

1.6K 96 5
                                    

🧡အတိတ်မေ့ခင်ပွန်း🧡Part 31

သူမတို့အပါအဝင်22ယောက်သောလူတွေဟာ ခန်းမကျယ်ထဲ ရောက်ရှိနေလေသည်

"ရှေ့ကသွား..."

ထိုစဉ် မြွေပွေးဂိုဏ်းခေါင်းဆောင်စေရာမှ စစ်မင်းနွယ်အား သေနတ်နဲ့ချိန်ကာ ပြောလေသည်

စစ်မင်းနွယ်ဟာ စေရာအား ဘာမှမပြော သူဟာ သတ္တဝါငါးကောင်ရှိရာ ကြမ်းပြင်ဆီလျှောက်သွားလေသည်

ပန်ပန်တို့လည်း ဒီခန်းမကျယ်ကြီး၏ ပဟေဠိဆန်မှုများအား အကဲခတ်နေကြသည်

"တံခါးက ၅ပေါက်ရှိနေတာ ဘယ်ကနေသွားရမလဲ....."

စေရာရဲ့အမေးကြောင့် အားလုံးလည်း ဇဝေဇဝါဖြစ်ကုန်သည်

ပန်ပန် ကြမ်းပြင်ပေါ်ရှိ သတ္တဝါပုံရေးဆွဲထားသည်များကို ကြည့်ရှုနေမိသည်

ပိုးကောင်/မြွေ/ဖား/ကင်းမြှီးကောက်/ပင့်ကူ စသဖြင့် အကောင်ပုံစံထွင်းထုထားတဲ့ ကြမ်းပြင်ပေါ်သူမတက်ရန်ပြင်လိုက်သည်

"သတိထား..."

သို့သော် သူမလက်ဟာ လှမ်းဆွဲခံလိုက်ရပြီး ရင်းနှီးနေတဲ့အငွေ့အသက်ရှိရာ ရင်ခွင်ကျယ်ထဲကျရောက်သွားသည်

ဒီပယံ ပန်ပန်အား သူ့အနားတွင်သာ ကပ်နေရန် လှမ်းဆွဲလိုက်ခြင်းဖြစ်သည်

"ကိုယ့်အနားမှာနေ..."

ပန်ပန် သူမလက်ကောက်ဝတ်အား ကိုင်ထားပါတဲ့ အမျိုးသားရဲ့ အနွေးဓာတ်ကို ခံစားမိရာ သူမ ရုန်းကာသာထွက်လိုက်သည်

ဒီပယံကတော့ ဗလာဖြစ်သွားတဲ့ သူ့လက်အား ကြည့်နေမိရင်း သူ့စိတ်ထဲ ကြောင့်ကြမှုတစ်ခု ဖြစ်တည်လာသည်

သို့ပေမဲ့ သူ သိုဝှက်ကာ သူမရဲ့ အပြုအမူအား သတိမထားမိသလို ပြုမူလိုက်သည်

"ရှင်းပါတယ် တံခါးက ၅ပေါက်ရှိတယ် ငါတို့က 22ယောက်......"

စစ်မင်းနွယ် ထိုသို့ပြောရင်း အားလုံးကို ကြည့်ကာ

"ဂိုဏ်း၁ဂိုဏ်းစီက သူတို့ဝင်မဲ့ တံခါးပေါက်ကို ရွေးချယ်ပြီးဝင်လို့ရမယ် အငယ်လေး မင်းက ဖီးနစ်အဖွဲ့သားတွေကို ခေါ်လိုက် ငါကငါခေါ်လာတဲ့ဂူဖောက်သူနှစ်ယောက်နဲ့ဝင်လိုက်မယ်....အားလုံးလက်ခံကြမယ်မလား..."

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now