''ဒေါက်တာ ဖြည်းဖြည်းကိုင်ပါနော် ယားတတ်လို့''
ခပ်တိုးတိုးပြောလာသော်လည်းအနီးအနားမှလူအားလုံးကြား၍ ရယ်သံများထွက်လာသည်မလို့ဒေး မျက်လွှာများစက္ကန့်ပိုင်းမှိတ်ချထားပြီးသက်ပြင်းရှည်ချလိုက်သည်။လူနာရဲ့ရင်အုံမှာ ရင်သားတစ်ရှူးများခပ်ထူထူဖြစ်နေသည်အတွက် ဒေးအာရုံစူးစိုက်စွာ စမ်းသပ်နေမိ၏ ရင်သားတစ်ဝိုက်အသားအရောင်ပြောင်းလဲခြင်းများနှင့်ပြည်တည်နေသည့်လက္ခဏာများကြောင့်ဖြစ်နိုင်ချေဟာတစ်ခုသာရှိသည်။ရင်သားများဟာ DCIS (အစောဆုံးကင်ဆာအဆင့်)ဖြစ်နေသည့်အတွက် အမြန်ဆုံး Cancer ဆဲလ်များကိုဖယ်ရှားဖြစ်ပါက သွေးကြောများကိုမပြန့်နှံ့နိုင်။
''မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့သူရှိလား''
''ကျွန်တော့်အမေပါအဲ့ရောဂါနဲ့ဆုံးပါးသွားတာပါ''
ဒေးခေါင်းငြိမ့်လိုက်ပြီး လူနာရဲ့လှန်တင်ထားသောအင်္ကျီစအားအောက်သို့ပြန်ချပေးလိုက်ကာ။
''ရင်သားကင်ဆာလက္ခဏာတွေတွေ့ရတယ် သေချာအောင် X Ray ရိုက်ပြီးရင် အမြန်ဆုံးခွဲဖို့လိုအပ်မယ်''
''ဗျာ...ကျွန်တော်ကယောကျာ်းပါဒေါက်တာရင်သားကင်ဆာဘယ်လိုဖြစ်မလဲခဗျာ''
''ဟေး...ခဗျားကိုဘယ်ကောင်ကယောကျာ်းလေးရင်သားကင်ဆာမဖြစ်ဘူးလို့ပြောထားလဲ''
ထိုအခါ ထိုလူကခေါင်းခါရမ်းသည်။ထပ်၍သက်ပြင်းချလျက် ဒေးထိုလူနာအားအသေချာကြည့်လိုက်ပြီးနောက်။
''ကျုပ်တို့ယောကျာ်းတွေကအမျိုးသမီးတွေလို ရင်သားတွေကနို့ရည်မထုတ်ပေးနိုင်ဘူးဆိုပေမယ့် ရင်သားတစ်ရှူးတွေဆဲလ်တွေကပါဝင်ပြီးသား ဒါကြောင့် ရင်သားကင်ဆာဆိုတာ ကျား မ မရွေးဖြစ်တတ်တဲ့ရောဂါ အထူးသဖြင့်ပေါ့လျော့ရင်အသက်အန္တရယ်ထိစိုးရိမ်ရတဲ့ ကင်ဆာတစ်မျိုးပဲ''
''ဟုတ်ကဲ့ဒေါက်တာ''
''ခဗျားရဲ့ရင်သားအရွယ်အစားအသားအရောင်ပြောင်းလဲလာတာကိုခဗျားသတိထားမိမှာပဲ ပြည်တည်တယ် နာကျင်မှုမရှိတဲ့အကျိတ်တွေရှိနေတယ် ဒီရောဂါက၃၅နှစ်အောက်အမျိုးသားတွေကဖြစ်နိုင်ချေနည်းပေမယ့်ခဗျားက၃၅နှစ်အထက်၊ အရေးအကြီးဆုံးတစ်ချက်က ရင်သားကင်ဆာနဲ့ပတ်သက်လို့ခဗျားမျိုးရိုးထဲမှာရောဂါခံစားဖူးတဲ့သူရှိတဲ့အတွက်ဒါကမျိုးရိုးလိုက်လို့ဖြစ်တဲ့ရောဂါပဲ သားသမီးရှိလား''
YOU ARE READING
Day ဒေး (Completed)
RomansaThink about whether you should read this first because you can have a rude expression. Wana Day × Sam Thet Ta Kyaw စိတ်ကူးယဥ်ဖန်တီးထားသည့်ဇာတ်အိမ်နှင့်ဇာတ်ကောင်များသည် အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း ကြိုတင်သတိပေးသည်။