Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၂၆) --------
"မိုးတောင်ချုပ်တော့မယ်....ဒုက္ခပါပဲ!
နယော အခုထိလည်း ပြန်မရောက်လာသေးဘူး"ထားထားက အိမ်ရှေ့နဲ့အိမ်နောက်ကို
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းနဲ့ စိတ်ပူပန်စွာ
ပါးစပ်ကလည်း တတွတ်တွတ်ရေရွတ်လို့နေသည်။တကယ်ဆို သူမ မှားတာပါ။
နယောက သွားချင်တယ်ဆိုရင်တောင်
တစ်ယောက်တည်းတော့မလွှတ်လိုက်သင့်ဘူး။
အပြင်တွေဘာတွေလည်း သွားလေ့သွားထ
ရှိတာမဟုတ်ဘဲနဲ့ ... လမ်းတွေဘာတွေ
ပျောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်။
မကောင်းတဲ့သူတွေနဲ့များတွေ့ခဲ့ရင်...အို! ...
ဘုရား...ဘုရား....လွဲပါစေဖယ်ပါစေ.....။ကိုယ့်အတွေးနဲ့ကိုယ် ပြန်ကြောက်လန့်ကာ
ထားထားမှာ ဘုရားတွေတ,ရင်းက
ထိုင်မရထ,မရပင် ဖြစ်လို့နေပြန်သည်။"အဲ့ဒါ..အကိုလေးကြောင့်!
အကိုလေးသာ ဟိုမိန်းကလေးနဲ့
အနေအထိုင်ဆင်ခြင်ခဲ့ရင်
နယောလေး အခုလိုခံစားရမှာမဟုတ်ဘူး!
အကိုလေး မကောင်းလို့ဖြစ်ရတာ!! "Rainသာရှေ့မှာရှိနေရင် ဒီလိုအပြစ်ဆိုဖို့မပြောနှင့်၊
စိတ်ထဲကနေရင်တောင်မှ ထားထားမတွေးရဲပေမဲ့
ခုတော့ Rainလည်းမရှိနေတာကြောင့်
ပေါ်ပေါ်ထင်ထင်ပဲ ထားထားက
မကျေမနပ်နှင့် အပြစ်တင်ပစ်လိုက်သည်။"စိတ်ညစ်ပါတယ် ...
ဘာလို့စက်ပိတ်ထားရတာလဲ နယောရယ်
ဆက်သွယ်လို့လည်းမရဘူးး
ထားထား စိတ်တွေပူလိုက်တာ...."'စက်ပိတ်ထားပါတယ်'ဆိုသည့်အသံအား
အခါခါကြားနေရပေမဲ့ ထားထားကတော့
ဇွဲမလျော့ဘဲ ရလိုရငြား၊ နယော၏ဖုန်းအား
သုံးလေးကြိမ်လောက်ဆက်တိုက်
ဆက်နေမိတုန်းပင်။"အကိုလေးနဲ့များ တွေ့နေပြီလားမသိဘူး
မတွေ့သေးဘူးဆိုရင်တောင်
နယော ပြန်မရောက်သေးဘူးဆိုတာကိုသိရင်
အကိုလေးကတော့ လိုက်ရှာပေးမှာပဲ"စောနလေးတင် Rainအား
သူမအပြစ်တင်ခဲ့တာတွေကိုမေ့ပစ်လိုက်ပြီး
ထားထားက အားကိုးတကြီးနဲ့
သူမ အလွတ်ကျက်ထားသည့် Rainနံပါတ်အား
ဖုန်းခွက်က ခလုတ်လေးတွေဆီမှာ
လိုက်နှိပ်လိုက်သည်။