222 23 5
                                    

U>>

နှိုးစက်ကမြည်သံသည် မကြာခဏရပ်ရပ်သွားနေသော်လည်း သူ့တာဝန်အရ ထိုလူသားမနှိုးမချင်းရပ်သွားမည်မဟုတ်ပါ။ထိုလူသားနှင့်နှိုးစက်တို့အကြားဝင်ရောက်ဖြန်‌ဖြေပေးရန် သက်လက်ပိုင်းအရွယ်အမျိုးသမီးကြီးတစ်ဦးဟာအခန်းထဲ ရောက်လာတယ်။
နှိုးစက်ကို အသာပိတ်လိုက်ပြီး နှိုးစက်သံကြောင့်တဖက်စောင်းအိပ်သွားတဲ့ သားဖြစ်သူကို ပုတ်နှိုးလေသည်။

"ကွမ်းကွမ်း! ‌ထတော့ ကျောင်းသွားရတော့မယ်"

"ကျွန်တော်ညကဂိမ်းဆော့ထားတာ ငါးမိနစ်လောက်ပဲ မား"

ပြောဆိုကာ စောင်ကို ခေါင်းထိလုံအောင်ခြုံပြီး အမေဖြစ်သူ ဆွဲခွာချမှာစိုးသည့်အလား။

"ထပ်အိပ်နေရင် မင်းရဲ့ပါးလာပြီး ကန်လိမ့်မယ် "

အဖေဖြစ်သူအကြောင်းကြားလိုက်ရုံနှင့် ရှကျစ်ကွမ်းထပ်အိပ်နိုင်တော့သည့်ပုံမပေါ်။ထထိုင်လိုက်ပြီး စိတ်ပျက်စွာရေရွတ်မိလိုက်သည်။

"ဘာလို့လောနေကြလဲ မသိဘူး ကျောင်းက ခြေထောက်ပေါက်ပြီး ထွက်ပြေးမှာလည်း မဟုတ်ဘူး "

"ထထ မကျေမနပ်မဖြစ်နေနဲ့ "

ရှကျစ်ကွမ်းက စောင်ကို ဖယ်ချသွားပြီးနောက် ရေချိုးခန်းထဲ အသာဝင်သွားလေသည်။သူ့မားမားက သူလိုအပ်တာအကုန်လုပ်ပေးသည်မို့ သူကအဆင်သင့်ပြင်ဆင်ရုံသာ။
အကုန်ပြီးစီးသောအခါ ထုံးစံအတိုင်းပင် ဆိုင်ကယ်သော့ယူပြီး အောက်ထပ်ဆင်းလာသည်။

"ရှကျစ်ကွမ်း! "

"ဟုတ်ကဲ့ ပါး "

ချက်ခြင်းပင် ရှကျစ်ကွမ်းဖခင်ရှေ့ရောက်သွားပြီး ဖရိုဖရဲထောင်ထားသော ကော်လံကို ပြင်လိုက်သည်။

"ဘာပြောမို့လဲ ပါး "

"လပတ်စာမေးပွဲ အမှတ်မနည်းစေနဲ့ ..မင်းဆိုင်ကယ်ဆက်စီးချင်သေးရင်ပေါ့"

မနက်စောစောစီးစီး ရှကျစ်ကွမ်းတို့ ကံဆိုးပြီဟုခံစားလိုက်ရသည်။ ခေါင်းအသာတကြည်ငြိမ့်ပြီး ကျောင်းကိုသာသွားတော့သည်။

အမှတ်မနည်းစေနဲ့ ဟုသာပြော‌သော်လည်း ရှကျစ်ကွမ်းသည် ဘယ်သောအခါမှ အမှတ်မများပေ။

LOVE IN MY AREA || ZhiJunWhere stories live. Discover now