သာယာတဲ့ နံနက်ခင်းတွင် ကျေးငှက်လေးတွေရဲ့ တေးသံနဲ့အတူ သူရိန်နေမင်းကြီးကလည်း ထွန်းလင်းလာလျက်ရှိသည်။
ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်လေးတစ်အိမ်ကလည်း ဆည်းလည်းသံလေးတွေနဲ့ နေ့တစ်နေ့ကို အစပြုရသည်။
"ညံလေးရေ...ထတော့"
"ဂီးလေးရေ...ထတော့"
"ထချင်သေးဝူးးးးပါပါး"
စောင်ပုံထဲကနေ ညီကိုနှစ်ယောက်ရဲ့ အသံစူးစူးလေးတွေဟာ တစ်ပြိုင်နက်ထဲ ထွက်ပေါ် လာခဲ့သည်။
ဆန်းသစ်လ သူ့သားအမြွှာလေးတွေကိုကြည့်ရင်း သက်ပြင်းဖွဖွ ချမိသည်။ဒါဟာမနက်တိုင်း အအိပ်မက်တဲ့ သားတွေ ဖြစ်နေကြသည့် အရာများဖြစ်သည်။
တကယ်တော့သားတွေက ကျွန်တော်နဲ့သိပ်မတူဘဲ ထိုသူနဲ့သာတူကြသည်။
ကလင်... ကလင်...
"ဆန်းသစ်လ ကလေးတွေနိုးပြီလား"
"ငါကလေးတွေအတွက် မနက်စာလာပို့ပေးတာ နိုးရင်လည်း ကျွေးတော့ ကျောင်းသွားရမယ်မလား"
ဒါဟာ ကျွန်တော့်ရဲ့ အားကိုးရဆုံး သူငယ်ချင်းမလေး သုန်ဒီးရီဦးပင်။မနက်တိုင်းအိမ်လာပြီး ကလေးတွေအတွက် မနက်စာလာလာ ပို့ပေးလေ့ရှိသည်။
ကျွန်တော်နဲ့ သုန်သုန်က ငယ်ငယ်ကတည်းက ခင်ခဲ့ကြသည့် ငယ်သူငယ်ချင်းတွေ ဖြစ်ကြပေမယ့် အကြောင်းတစ်ခုကြောင့် ကွဲခဲ့ကြပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ အိမ်နီးချင်းတွေအဖြစ်နဲ့ ပြန်တွေ့ဆုံခဲ့သည်။
"နင့်တူတော်မောင်တွေက စောင်ပုံထဲမှာမြုပ်နေတာ အိပ်ချင်သေးတယ်တဲ့"
"အယ်..."
"နေစမ်းပါအုံး ငါသွားနှိုးပေးမယ်"
သားတော်မောင် အခန်းကို၀င်သွားတဲ့ အပျိုကြီးကိုကြည့်ပြီး ဆန်းသစ်တစ်ယောက်ခေါင်းသာခါနေမိသည်။
ယောက်ျားမယူဘဲ သူများကလေးဘဲ လိုက်ထိန်းနေတဲ့ အပျိုကြီးဟာ ဒီတစ်သက်ယောက်ျားရဖို့ကို လမ်းမမြင်ပေ။
ယောက်ျားမရတာကလည်း သူ့ကြိုက်သမျှ ကောင်လေးတိုင်းကို ယောက်ျားပေးစားနေသောကြောင့် သာဖြစ်သည်။