"Ring......Ring....."
"Ring......Ring........"
"Hello......"
"Hello LIGHT မှာလူတွေ့လာဖြေဖို့ပြောထားတဲ့ မန္တလေးက ကိုဗီတာမင်လားခင်ဗျာ....."
"ဟုတ်ကဲ့ ကျနော်ဗီတာမင်ပါဗျ ......"
"ဟုတ်ကဲ့ အားတော့နာပါတယ်ဗျာ ဒီမှာလိုအပ်နေတဲ့နေရာလေးက လူပြည့်သွားပြီမို့လို့ ရန်ကုန်ခေါ်ထားတဲ့ရက်မတိုင်ခင်လေး လှမ်းအသိပေးတာပါဗျ....."
"အာ လူရသွားပြီလားဗျ ကျနော့ကိုပြောတော့ 5ရက်နေ့မှလူတွေ့ဖြေရမယ်ဆိုလို့....."
"ဟုတ်တယ်ခင်ဗျ လူကအရေးပေါ်လိုနေတာနဲ့ ရန်ကုန်မြို့ထဲကလူတွေပဲအမြန်စီစဉ်လိုက်ရလို့ပါ စိတ်အနှောင့်အယှက်ဖြစ်သွားစေရင်ကုမ္ပဏီကိုယ်စားတောင်းပန်ပါတယ်ခင်ဗျ 8လပိုင်းကျရင် ရန်ကင်းဆိုင်ခွဲအတွက်လူခေါ်မှာပါဗျ အဲ့ကျရင်ဦးစားပေးဆက်သွယ်လိုက်ပါ့မယ်နော်....."
"ဟုတ်ကဲ့ ဘယ်တတ်နိုင်မလည်းဗျာ ဆိုင်ခွဲတွက်လူခေါ်တဲ့ခါကျရင်တော့ဖုန်းလေးဆက်ပေးပါဦးဗျ....."
"စိတ်ချပါခင်ဗျ ......"
"ဘာလည်းတဲ့ မင်းအလုပ်လျှောက်ထားတဲ့နေရာကလား လူမလိုတော့ဘူးလားတဲ့...."
ဘယ်တုန်းကရင်းအနောက်မှာရောက်နေမှန်းမသိတဲ့ဝလ္လာ့မေးခွန်းကြောင့် သူစိတ်ညစ်ညူးစွာ ခေါင်းကိုတဗျင်းဗျင်းမြည်အောင်ကုတ်လိုက်မိသည်...
"အေး အရေးပေါ်လူလိုလို့ ရန်ကုန်မြို့ထဲကလူတွေကိုဆွဲထည့်လိုက်ရလို့တဲ့ ငါ့ကတော့အဲ့မှာလူတွေဖြေဖို့လည်းရှိတယ်ဆိုပြီး ရန်ကုန်လိုက်လာတာကို အလကားအလုပ်ရှုပ်တာပဲအဖက်တင်တယ်....."
"အော် မင်းကလည်းငါအဖော်ရတယ်လေကွာမဟုတ်ရင်တစ်ယောက်ထဲကြောင်တောင်တောင်ဖြစ်နေမှာ ဘာလည်း မင်းကမင်းအလုပ်ကိတ်စမရှိတော့ဘူးဆိုတော့ ရန်ကုန်လိုက်ခဲ့ရတာနောင်တရတာလား အတင်းခေါ်ခဲ့တဲ့ငါ့ကိုငြိုငြင်တာလားမင်းက....."
"ဟျောင့် အပိုတွေလာလုပ်မနေနဲ့ မင်းငါ့ကိုမလိမ့်တပတ်နဲ့အစောကြီးဖုန်းဆက်နှိုးတဲ့ကိတ်စငါမကျေနပ်သေးဘူးနော် အိပ်ရေးမဝပဲကားသာမူးတတ်ရင်ခွေခေါက်နေလောက်ပြီခုချိန် ကားမမူးတတ်တာတောင်ခေါင်းတွေကိုခဲနေတာပဲ ...."
"ချစ်ဆုံးကလည်းစိတ်မဆိုးပါနဲ့ ငါကမင်းအိပ်ပျော်သွားပြီး ကားနောက်ကျမှာစိုးလို့ပါ...."
"တော်စမ်းပါ အကျင့်ပုပ်ရင်ပုပ်တယ်ပေါ့ ခုလည်းကြည့်ဦးတစ်ရေးမှေကာင်းေကာင်းမအိပ်ရသေးဘူးဒီတန်းလာရတယ် လူလည်းသူတောင်းစားရုပ်ပေါက်နေပြီ...."
စိတ်ပေါက်ပေါက်နဲ့လေသံမာမာပြောနေလည်း ဝလ္လာဆိုတဲ့ကောင်ကတော့ ပန်းနဲ့ပေါက်နေတယ်ထင်လားမသိ စပ်ဖြီးဖြီးနဲ့ သူလုပ်ချင်တာလုပ်နေရရင်ရုပ်ကအဲ့တိုင်းပဲ ........
YOU ARE READING
Overcoming A Wall
Romanceမဏိလျှံ fan ficလေးပါရှင့်။fan ficဆိုပေမယ့် စိတ်ကူးယဉ်သက်သက်ကြီးမဟုတ်ပဲ လက်တွေ့ဘဝထဲက အကြောင်းအရာတစ်ချို့ကိုပါထည့်ရေးချင်တာမို့ ဖတ်ရှူဝေဖန်ပေးကြပါဦးေနာ်။Adult sceneတွေပါနိုင်တာမို့ idol seriousဖြစ်တတ်သူများရှောင်သွားနိုင်ပါတယ်ရှင့်။တတ်လို့မဟုတ်ပဲ မဏ...