7

791 52 3
                                    

"ဟေး..အချောလေး...တို့ကိုတစ်ညလောက်အဖော်ပြုပေးမလား..."

ကလပ်မီးရောင်စုံအောက်တွင်Weekend၏Starboyသည်ပျံ့နှံ့နေသည်။
ထိုမိန်းကလေးအနီရောင်ကိုယ်အကြပ်ဂါဝန်နှင့်ဒူးပေါ်ပေါင်ပေါ်မိန်းကလေးသည်
သူ့ရှပ်အင်္ကျီအဖြူလေးကော်လံအားဆွဲကားပြောသည်။

နီးကပ်သွားသောမျက်နှာတစ်ခုသည်ချမ်းအားနမ်းရန်ကြိုးစားနေလေသည်။

"ဆောရီး..."

ပြော၍ထိုမိန်းကလေးအားတွန်းလိုက်သည်။

ကနေကြသောသူငယ်ချင်းတို့ကိုအပြင်ကိုခနဟုပြောကာကလပ်အပြင်သို့ထွက်လာခဲ့သည်။
အရင်ကစိတ်ဆိုထိုမိန်းကလေးနှင့်ချမ်းတစ်ညတွဲလိုက်လေပြီ။

သို့ပေမဲ့ထိုအမျိုးသမီး။
ထိုအမျိုးသမီးကလွဲ၍သူဘယ်သူ့ကိုမှဂရုမစိုက်ချင်တော့။
ထိုအမျိုးသမီးကလွဲ၍ဘယ်သူမှသဘောမကျနိုင်။

ဆေးလိပ်အားဖွာရင်းဒေါ်ညှို့မဒီမှိုင်းအကြောင်းတွေးမိတော့သူနှုတ်ခမ်းပါးတို့တွန့်ကွေးသွားရသည်။

တိုသွားသည်ကြောင့်ဆေးလိပ်အားမီးသတ်သည့်အနေဖြင့်နင်းချေသည်။

~ဒုန်း~

ကလပ်ထဲသို့ပြန်ဝင်ခါနီးရိုက်ချက်တစ်ခုကြောင့်ချမ်းကိုယ်လေးမှာယိုင်နဲ့သွားရသည်။
မူးဝေသွားသည့်ခေါင်းအားခါရမ်းရင်း
နဖူးရှိပူပူနွေးနွေးအားစမ်းကြည့်မိတော့။

သွေးတွေ..

"ရဲမာန်ထွဋ်ခေါင်..."

ချမ်းရှေ့တွင်ရဲမာန်နှင့်သူ့နောက်လိုက်ခွေး။

"နင်ဘာလုပ်တာလဲ...."

"နင့်မှာဒဏ်ရာတစ်ခုခုမတွေ့ရရင်ငါမနေတတ်ဘူးလေ...ဟား..ဟား.."

နောက်ထပ်ရောက်ရှိ‌လာသောရိုက်ချက်ကြောင့်ချမ်းထိုသံတုတ်အားဆွဲဖမ်းလိုက်သည်။
ရဲမာန်၏ဗိုက်ကိုကန်လိုက်တော့ရဲမာန်မှာနောက်ပြန်ပင်လဲကျသွားသည်။

ရဲမာန်ဘေးရှိတစ်ယောက်၏ခြေထောက်အားသံတုတ်ဖြင့်ရိုက်လိုက်သောကြောင့်သူသည်လဲ လဲကျသွားသည်။

နှလုံးသားအားညှို့ယူသောWhere stories live. Discover now