Ch-18:သံသယရှိသူ။
"အချိန်တော်တော်ကြာပေမယ့် မနေ့တနေ့ကအတိုင်းပဲခံစားရတယ်" ဖန်ကျင်း၏မျက်နှာသည် ညိုမှိုင်းနေပြီး သူ၏သွယ်လျပြီး နက်နဲသောမျက်လုံးများကို မီးခိုးရောင်အလွှာဖြင့် ဆိုးထား၏။
"အဲဒီတုန်းက မင်းအစ်ကိုကြီးက မင်းကို ကယ်ခဲ့တယ်။ သူသေမှာကို သေချာပေါက် မင်းကိုမမြင်စေချင်ဘူး"လင်းကျားက ဖန်ကျား၏ပခုံးကို ညင်သာစွာပုတ်ပေးလိုက်သည်။
"ငါအဆင်ပြေတယ်" ဖန်ကျင်းက စိတ်လျော့ဟန်ဆောင်၍ ပြောလိုက်သည်။ "အခုအဆင်ပြေတယ်မဟုတ်ဘူးလား? ငါ City A ကိုပြောင်းလာရင် ငါ့အမေက ငါ့ကို မတွေ့ရတော့ စိတ်ဆိုးမှာ မဟုတ်ဘူး။"
လင်းကျားသည် ဖန်ကျင်းကိုကြည့်ရင်း နှလုံးသားထဲနာကျင်သွားလေသည်။ "အန်တီက မင်းအပေါ် အပြစ်တင်နေသေးတာလား?"
"လုံးဝအပြစ်မတင်ဘူး၊ငါ့အစ်ကိုကြီး ဆုံးပါးသွားတဲ့ အဖြစ်မှန်ကို ရှောင်နေတာလည်း ဖြစ်နိုင်တယ်။" ဖန်ကျင်းက သက်ပြင်းချသည်။ "သူမ ငါ့ကိုမတွေ့ရင် ငါ့အစ်ကိုကြီးသေတာကို သတိမရတော့ဘူး။ မဆုံတာပိုကောင်းပါတယ်ကွာ"
"အကူအညီလိုရင် ငါ့ကိုဆက်သွယ်၊ငါက City A အကြောင်းကောင်းကောင်းသိတယ်၊ငါကူညီနိုင်လောက်တယ်" လင်းကျားက ဖန်ကျင်း ဤအမှုကို ဖြေရှင်းဖို့ ဆုံးဖြတ်ထားသည်ကို မတားနိုင်မှန်းသိသောကြောင့် အကောင်းဆုံးကူညီပေးမည်ဖြစ်သည်။
"ကျေးဇူး၊ညီအစ်ကို၊မင်းအတွက် ယင်ထောင်ကို ကြည့်ပေးမယ်" ဖန်ကျင်းက ပြုံး၏။လင်းကျားက ဒီနှစ်ပိုင်းအတွင်း မိန်းကလေးအကြောင်းစဉ်းစားသည်ကိုမမြင်ဖူးပါပေ။ထို့ကြောင့် သေချာစေဖို့ သူ ကူညီပေးရမည်။
"အိုကေ၊မင်းအမှုကို စောင့်ကြည့်ဖို့ ငါကူညီပေးမယ်၊မင်းက ငါရည်းစားရအောင် ကူညီပေးပေါ့၊ငါတို့ ညီအစ်ကိုတွေ အတူတူ အနိုင်ရလိမ့်မယ်။" လင်းကျားက ပြုံး၍ပြောတယ်။ "သွားကြရအောင်။ ငါတို့ရဲ့အောင်မြင်မှုကို ကြိုပြီး ဂုဏ်ပြုဖို့ မင်းကို ထမင်းကျွေးမယ်။"
လင်းကျားနှင့်ဖန်ကျင်း၏ အနက်ရောင်ဂျစ်ကားသည် ညဘက်တွင်ပျောက်ကွယ်သွားလေ၏။ယင်ထောင်နှင့် ကျန်တဲ့သူတွေလည်း ရဲစခန်းကို ပြန်လာခဲ့ကြတယ်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomansAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.