အမျိုးသမီးစာအုပ်ဝယ်မည်ဆို၍ချမ်းမှာစာအုပ်ဆိုင်ဝင်ရသေးသည်။
စာအုပ်စင်၌စာအုပ်ရွေးနေသောအမျိုးသမီးသည်စနစ်တကျပင်ရွေးနေလေသည်။
စာရွက်များကိုလှန်လှောကြည့်ကာတည်ကြည်သည့်မျက်နှာထားသည်ချမ်းအားအချစ်ပိုစေသည်။"ရော့..မင်းဖတ်ကြည့်ရမဲ့စာအုပ်တွေ.."
"ဟမ်...ကျုပ်ဖတ်ရမှာလား..."
လက်ထဲသို့ထည့်လာသည့်စာအုပ်သုံးအုပ်ကြောင့်ချမ်းပြန်မေးလိုက်မိသည်။
စာနှင့်မထိတွေ့ရသည်မှာဆယ်တန်းအောင်ကတည်းကပင်။"ဆရာသိုးဆောင်းရဲ့ဝတ္ထုလေးတွေလေ...ဖတ်ကြည့်..ပြီးရင်တို့ကိုပြန်ပြောပြရမယ်.."
"ဟမ်..ဒါက.."
"ချမ်းထက်မောင်...တို့ကိုချစ်ရင်တို့ပြောစကားနားထောင်စမ်းကွယ်..."
စကားအားသူ မလွန်ဆန်နိုင်သည့်တိုင်ခေါင်းငြိမ့်မိလေသည်။
"ငယ်...."
ခါးအားဖက်၍ရင်ခွင်ထဲတိုးဝင်လာသည့်မိန်းကလေးကြောင့်ချမ်းခေါင်းနပမ်းကြီးသွားသည်။
စာအုပ်အားကိုင်၍ကြောင်စီစီရပ်ဆဲပင်။တည်ငြိမ်သည့်ထိုအမျိုးသမီးကတော့ချမ်းအားစိုက်ကြည့်နေလေသည်။
"ငယ့်ကိုမမအရမ်းလွမ်းနေတာ.."
"လွှတ်..ကျုပ်ကိုလွှတ်စမ်း.."
တွန်းထုတ်မိတော့'ဆူးလရောင်'....
ရည်းစားတွေထဲသက်တမ်းအကြာဆုံးတွဲခဲ့သောရည်းစားဟောင်း။"မမကိုမနှင်ပါနဲ့...မမလေ..ငယ့်ကိုမမေ့နိုင်ဘူး...အရင်လိုပြန်အဆင်ပြေရအောင်နော်"
ထိုအမျိုးသမီးသည်ချမ်းလက်မှစာအုပ်တို့အားဆွဲယူ၍ငွေရှင်းကောင်တာဘက်သို့ထွက်သွားသည်။
"တောင်းပန်ပါတယ်...."
လက်အားဖြုတ်ချ၍အမျိုးသမီးနောက်လိုက်လာခဲ့သည်။
'စိတ်ဆိုးသွားတာလား'
"ခဏလေး..ခင်ဗျားရယ်..."
လက်ကောက်ဝတ်အားဆွဲသည်နှင့်ပြန်ဖြုတ်ချသည့်အမျိုးသမီး။
"တို့ဘာတို့သွားမယ်.."
"ခဏလေး..ခဏဘဲလေ..ကျုပ်နဲ့သူနဲ့ကဘာမှမဆိုင်တော့ဘူး..."
YOU ARE READING
နှလုံးသားအားညှို့ယူသော
Romanceနိဗ္ဗာန်မရောက်ချင်ဘူး..တီချယ်.. မျက်မှန်အောက်ကတီချယ့်မျက်ဝန်းတွေ.. ကျုပ်ထိုင်ငေးချင်တာ... #ချမ်းထက်မောင်