💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~
Part _1"နုလေးက ဘယ်နှစ်တန်းရောက်ပြီလဲကွဲ့"
"နုက ဒီနှစ်ဆယ်တန်းလေ ကြီးကြီးစန်း"
ဆယ်တန်းသင်္ချာအထူးထုတ်ကြီးဖွင့်ကာဘောပင်တစ်ချောင်းကိုင်ပြီးဟိုရေးဒီတွက်နေတဲ့
နုလေးသွယ် ဖြေလာတော့ ဒေါ်စန်းစန်းခင်
မျက်ခုံးပင့်သွားလေသည်...."ဟုတ်တယ်လေ မမစန်းရဲ့
သမီးငယ်လေးရော အလတ်မ ခေမာသွယ်ရောက ဒီနှစ်ဆယ်တန်းလေ""အလတ်မက အငယ်မလေးထက် ၂နှစ်ကြီးတယ်မဟုတ်လား ခေမာက ဆယ်တန်းကျလို့လား"
"မကျပါဘူး နုလေးအဖော်ရအောင် ခေမာက နှစ်အောက်ပေးထားတာလေ "
"ဟင်"
ဒေါ်စိမ်းမြသွယ်စကားကြောင့် ဒေါ်စန်းစန်းခင် ခေါင်းညိတ်လိုက်လေသည်....
"သြော် ဒီလိုလား"
"ဝေမာသွယ်ကရော"
"သမီးကြီးက ဒီနှစ် နောက်ဆုံးနှစ်လေ "
"ဒါဆိုသီဟလေးကရော မန္တလေးမှာလား"
"ဟုတ်တယ် သားကြီးက ဒီမှာလည်း တစ်ဘွဲ့ရတယ် ပြီးတော့ ကနေဒါကနေလည်း စီးပွားရေးနဲ့ဆိုင်တဲ့ ဘွဲ့တစ်ခုယူလာပြီးပြီလေ အခုတော့ သူ့အဘိုးအဘွားတွေနဲ့ မန္တလေးမှာနေရင်း မန်းလေးရုံးခွဲမှာတာဝန်ယူထားတယ် သူ့အဘိုးနားပြီလေ "
"မြရဲ့ ကလေးတွေက လိမ္မာလိုက်တာ ငါ့ကလေးတွေကတော့ရွာမှာဆိုတော့ သိတဲ့အတိုင်း အားမရပါဘူး ရန်ကုန်လိုနေရာမျိုးမှာဆိုရင်တော့ သင်တန်းတွေကျောင်းတွေစုံတော့ ကလေးတွေတက်လမ်းရှိတာပေါ့"
"ရွာမှာဆိုပေမယ့်လည်း သူ့ဟာသူ ဖြစ်မြောက်တာတွေလည်း ရှိပါတယ် မမစန်းရယ်"
"အင်းလေ ဒါကြောင့် ငါ့ကလေးတွေကိုအားမရပါဘူးပြောတာပေါ့ မြရဲ့"
သူမတို့စကားပြောနေတုန်း အိမ်ရှေ့တွင်ကားရပ်သံကြားလိုက်ရလေသည်...
"ဟော ကိုထွန်းပြန်လာပြီထင်တယ်"
မကြာလိုက် အိမ်ထဲကိုဝင်လာတဲ့ မောင်ဝမ်းကွဲဖြစ်သူကို ဒေါ်စန်းစန်းခင် နှုတ်ဆက်လိုက်လေသည်...
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...