"တီ.....တီ...တီ"
နားထဲသို့ စူး၀င်လာသော ဖုန်းမြည်သံကြောင့် စောင်အောက်မှ ခေါင်းလေးထွက်လာပြီး အိပ်ချင်မူးတူးထထိုင်လိုက်သည်။
"F မနက်စောစော ဘယ်ကောင်ဆက်တာလဲ"
မနက်စောစောဆဲမိသွားပြန်သည်။ ဘေးစားပွဲက နာရီမှာ 6:12 လို့ ပြနေဆဲ အချိန်မှာ အခါတိုင်းဆို ဟုန်းဆွန်းဟန်တို့ အိမ်မက်ပင်လယ်ပြင်ထဲ လက်ပစ်ကူးနေဆဲ။ ဖုန်းကို နားကိုကပ်လိုက်ကာ အနောက်သို့ ပြန်ပစ်လဲလိုက်ရင်း ပြန်ဖြေလိုက်သသည်။
"Hello"
"ဟားဟားဟား Seunghan သူငယ်ချင်းလေး မင်းနာမည်ကြီးနေပြီ"
ဒုံမင်း ဒီကောင်။
"ဘာလာပေါတာလဲ မနက်စောစောစီးစီး"
"SNS ကို ဖွင့်ကြည့်ဦး Bro မင်း Followers တွေတိုးနေလောက်"
စိတ်မကြည်စွာ ဒုံမင်းစကားမဆုံးသေးဖုန်းချပစ်လိုက်တော့ ဟိုဘက်မှ သူ့ကို လှမ်းဆဲနေမည့် သကောင့်သား မျက်နှာထားကို တွေးကာ အူမြူးလာတော့သည်။ မှန်သည် ဟုန်းဆွန်းဟန်ဆိုသည်မှာ သူ့ကိုစိတ်ညစ်ညူးအောင်လာလုပ်ရင် ပြန်လက်စားချေလိုက်ရမှ စိတ်ကြည်သည့် လူစားမျိုး။ အခုလည်း အနှောက်ဓာတ်ပေးလိုက်ရလို့ အရမ်းကျေနပ်သွားရသည်။ ဒုံမင်းက သူစကားမဆုံးသေးဘူး ဖုန်းချရင် အလွန်စိတ်ဆိုးတတ်လေရာ အခုချိန်မှာတော့ မနက်စောစောစီးစီး သူ့ကို မေတ္တာတွေ အတုံးလိုက် အတစ်လိုက် ပို့နေပေတော့မည်။ ပြန်အိပ်မရတော့မည့်အတူတူ ဒုံမင်းပြောသလို SNS ဖွင့်ကြည့်မိတော့ Notification Bar မှာ တစ်တောင်တောင်တတ်လာလေသည့် Notiများ။ ထူးဆန်း အံ့ဩစွာ သူ့အကောင့်ထဲပြန်၀င်ကြည့်လိုက်မိသည်။
What!!!
Followers 3kကျော်သာသာရှိသေးတဲ့ သူ့ရဲ့ SNS Account ဟာနေ့ချင်းညချင်း 8k သွားခဲ့သလို နောက်ဆုံးတင်ထားသည့် Post အောက်မှာလည်း Comment တွေ ရာနဲ့ချီနေပြီ ဖြစ်သည်။ဘာလို့လဲ ဘာလို့လဲ နေပါဦး
အံ့ဩနပမ်းကြီးစွာ Comment တွေကို ၀င်ဖတ်ကြည့်လိုက်မိသည်။1- "ဟယ် ချောချောလေး ဥစ္စာ ဟွာအီတင်း အားမငယ်နဲ့နော် မောင်လေး မမတို့ရှိတယ်"
YOU ARE READING
𝟏𝟎 𝙈𝒊𝙣𝒖𝙩𝒆𝙨
Fanfiction𝑰𝒕 𝒐𝒏𝒍𝒚 𝒕𝒂𝒌𝒆𝒔 𝒕𝒆𝒏 𝒎𝒊𝒏𝒖𝒕𝒆𝒔 𝒇𝒐𝒓 𝒉𝒊𝒎 𝒕𝒐 𝒇𝒂𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒑𝒆𝒐𝒑𝒍𝒆, 𝒕𝒐 𝒄𝒂𝒑𝒕𝒖𝒓𝒆 𝒕𝒉𝒆𝒊𝒓 𝒉𝒆𝒂𝒓𝒕𝒔, 𝒕𝒐 𝒅𝒆𝒔𝒕𝒓𝒐𝒚 𝒕𝒉𝒆𝒊𝒓 𝒍𝒐𝒗𝒆𝒔.