အပိုင်း 22
ဧည့်ခန်းအတွင်းဝယ် လူကြီးတွေ စုံလင်စွာရှိနေကြသည်။
"မကြိုင်...မကြိုင်လည်း သိပြီးသားဖြစ်မာပါ...ကြူရဲ့သမီးလေး နဲ့မကြိုင်ရဲ့သမီးလေး မေတ္တာမျှနေကြတယ်ဆိုတာ....အဲ့တာ ကြူတို့ဘက်က မကြိုင်ကို လူကြီးလာပြောတာပါ"
"ကြူရယ်...ပြောနေစရာတောင်မလိုပါဘူး...မကြိုင်တို့ရဲ့ သမီးလေးတွေ စိတ်ချမ်းသာရင် မကြိုင်က ကျေနပ်ပါတယ်ကွယ်"
လူကြီးလေးတွေနဲ့ နွေရိပ် မင်းငယ်တို့ အိမ်ကို လူကြီးလာပြောတဲ့နေ့ဖြစ်သည်။
မင်းငယ်လေးနဲ့အတူ နောက်ဆုံး လက်ထပ်ခွင့်ရတော့မည်။
နွေရိပ် သိပ်ကို ပျော်သည်။ပန်းခရမ်းရောင် ပါတိတ်လေးနဲ့ ချည်ဇာခရမ်းရောင်ဝတ်ထားတဲ့ မင်းငယ်လေးက လူကြီးတွေကို မုန့်လေးတွေ ချပေးပြီးနောက် သူ့အနားကို လာရပ်လေသည်။
အနားကိုရောက်လာတဲ့ ကလေးငယ်က သူ့လက်ကလေးကို ဆုပ်ကိုင်လို့ထားသည်။
နောက်ပြီး သူ့ကို ခဏခဏ ခိုးခိုးကြည့်နေသည်။
ခိုးကြည့်နေသော ကောင်မလေးအား နွေရိပ် ကြည့်လိုက်တော့ မျက်နှာလေးထက်ဝယ် အပြုံးလေးတစ်ပွင့်က တလက်လက်တောက်ပနေသည်ကိုတွေ့ရသည်။ကျေနပ်ပီတိဖြစ်နေတဲ့မျက်နှာကလေး။
ခါတိုင်းနေ့တွေထက် ပိုလှနေတဲ့ မျက်နှာကလေး။
နွေရိပ် သိပ်ချစ်ရတဲ့ ထိုကောင်မလေးရဲ့မျက်နှာလေးက ကဗျာတွေစာတွေဖွဲ့လို့တောင် မကုန်နိုင်လောက်တဲ့အထိ ကျက်သရေရှိစွာလှလို့နေသည်။လူကြီးတွေက စေ့စပ်တောင်းရမ်းမယ့်နေ့(လူကြီးလွှတ်တဲ့နေ့)ကို ရက်ရွေးလို့ပြီးကြလေပြီ။
နွေရိပ်ပြောထားတဲ့အတိုင်း စနေ တနင်္ဂနွေနဲ့ တိုက်အောင်ရွေးပေးကြသည်။"ဒါနဲ့ မကြိုင်...အဝေးက အမျိုးတွေကိုရော မင်းငယ်လေး လက်ထပ်မှာကို ပြောပြီးပြီလား...သူတို့က ကန့်ကွက်ကြသေးလား"
"ပြောပြီးပါပြီ ကြူရေ...မကန့်ကွက်ပါဘူးတဲ့ရှင်...သူတို့ တူမလေးပျော်ရင် သူတို့ပျော်တယ်တဲ့...သူတို့က ရှေးလူကြီးတွေဖြစ်ပေမယ့် နားလည်တယ်တဲ့"
မေမေ့စကားသံအဆုံး မင်းငယ် မမနွေကို ကြည့်လိုက်သည်။
မမေနွေဟာ အပြစ်ပြောစရာမရှိတဲ့အမျိုးသမီးလေး။
စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့မမနွေက သိပ်ကို ချစ်ဖို့ကောင်းသည်။
သိပ်ကိုချောသည်။
မျက်ခုံးနှစ်ခုကြား နှာတံထိပ်ကမှည့်နက်ကလေးက ကုလားမလေးနဲ့မမနွေကိုပိုလို့တူစေသည်။
မျက်ဝန်းနက်နက်ကလေးနဲ့ ကော့ညွှတ်နေတဲ့မျက်တောင်တွေ၊ ရယ်လိုက်တိုင်းချစ်ဖို့ကောင်းတဲ့အပြုံးကို ပိုင်ဆိုင်တဲ့မမနွေဟာ မင်းငယ် တစ်ရက်ထက် တစ်ရက် စွဲလမ်းရတဲ့ အမျိုးသမီးလေးပင်။

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Lãng mạnမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။