Song recommendations one that got away by Brielee Von Hugely (cover)
Jaemin's pov
ငါတို့ဘယ်နေရာကနေစပြီးမှားခဲ့တာလဲjeno။ငါတို့ရဲ့တွေ့ဆုံခြင်းလား?ငါတို့ရဲ့ချစ်ခြင်းတွေလားမဟုတ်ဘူးငါမင်းကိုချစ်ခဲ့မိတာကလား။?
Jenoနဲ့jaeminကအထက်တန်းကျောင်းကတည်းကချစ်သူတွေဖြစ်ခဲ့ကြတယ်။ဖြစ်နိုင်တာကတော့jaeminရဲ့ဖွင့်ပြောမှုကြောင့်ဖြစ်လောက်တယ်။ဒါပေမဲ့သူတို့ပျော်ရွှင်ခဲ့ကြတယ်လေ။
ချစ်ခဲ့မိကြတယ်မဟုတ်ဘူးလား။
အခုတော့jenoကသူမဟုတ်တဲ့မိန်းကလေးတစ်ယောက်ရဲ့အပိုင်ဖြစ်တော့မယ်တဲ့လား။မဖြစ်နိုင်တာတွေ။Jenoကသူ့ကိုပဲချစ်တာ။jaeminမှာလည်းjenoတစ်ယောက်တည်းပဲရှိသလိုjenoမှာလည်းjaeminတစ်ယောက်တည်းရှိတာလေ။
Jaemin သူရှေ့မှာထိုင်နေတဲ့jenoကိုမယုံနိုင်စွာကြည့်လိုက်တယ်။"လမ်းခွဲမယ်ဟုတ်လားjeno?"
"အင်းမင်းကိုအားနာပေမဲ့လမ်းခွဲရအောင်"
"ဘာလဲအကြောင်းပြချက်ကဘာလဲလို့"
"ငါလက်ထပ်တော့မှာ"
"ငါကရောငါကရောလို့Jenoကျေးဇူးပြုပြီးငါ့ကိုထားမသွားပါနဲ့။ငါ့မှာမင်းတစ်ယောက်ထဲရှိတာကျေးဇူးပြုပြီးငါ့ကိုတစ်ယောက်ထဲထားမသွားပါနဲ့ငါကဒီလိုဒူးထောက်ပြိးတောင်းပန်တာမလို့ငါ့ကိုထားမသွားပါနဲ့"
Jaeminပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်jenoမထွက်သွားဖို့ကအရေးကြီးတယ်မလား။
"Jaemin ရင့်ကျက်စမ်းပါအဲ့လိုေတွလုပ်နေလို့ငါမင်းကိုစိတ်ကုန်တာငါတကယ်ပင်ပန်းနေပြီ"
Jenoကသူ့ကိုစိတ်ကုန်နေပြီ။ပင်ပန်းနေပြီတဲ့။Jaeminလွှတ်ပေးလိုက်သင့်လားး။jaeminကဘာမှပြန်မပြောနိုင်ခဲ့သလိုJenoကလည်းပြောခွင့်မပေးပဲထွက်သွားခဲ့တယ်။jaeminလှည့်ထွက်သွားတဲ့jenoရဲ့ကျောပြင်ကိုကြည့်ပြီးအသံတိတ်မျက်ရည်တွေသာကျနေမိတယ်။သူရဲ့jenoကတော့သူနဲ့ဝေးသထက်ဝေးအောင်သွားပြီလေ။
Jaemin အိမ်ပြန်လာတဲ့အချိန်မှာတော့သူကလွဲပြီးတစ်မိသားစုလုံးကပျော်နေပုံရတယ်။"Jaemin သားလေးပြန်လာပြီလားမြန်မြန်အဝတ်စားသွားလဲအမေတို့အပြင်သွားစရာရှိတယ်"
"အမေကျွန်တော်ဒီနေ့ပင်ပန်းနေလို့မလိုက်လို့မရဘူးလား"
"မရဘူးမင်းအမရဲ့စေ့စပ်ပွဲမှာမင်းပါမှရမှာပေါ့"