4

363 12 0
                                    

Unicode....

" ရှောင်းကျန့် ကျောင်းမှာအဆင်ပြေရဲ့လား တစ်ခုခုလိုတာရှိရင် ဦးလေးကိုအားမနာတမ်းထုတ်ပြောနော် "

" အဆင်ပြေပါတယ် ကျေးဇူးပါဦးလေး "

ရှောင်းကျန့် ဦးလေးဝမ်ကို အပြုံးသေးသေးလေးထုတ်ကာ ပြန်ဖြေလိုက်တယ်။

အမေရဲ့သူငယ်ချင်းဖြစ်တယ့် ဦးလေးဝမ်ကိုသိပ့်မရင်းနှီးသေးပေမယ့် ရှောင်းကျန့်ကိုတကယ်ဂရုစိုက်ပေးတာကြောင့် အဖေတစ်ယောက်ရလိုက်သလိုတကယ်ကိုနွေးထွေးရတယ်။

" ကျွန်တော်ပြီးပြီ..သွားတော့မယ်  "

" ကားထဲမှာစောင့်နေမယ် "

ဝမ်ရိပေါ် စားလက်စကိုရပ်လိုက်ပြီး ရှောင်းကျန့်ကိုတစ်ချက်ကြည့်ကာ ကျောပိုးအိတ်ကိုလွယ်ကာ ဒါရိုင်ဘာကအသင့်ထုတ်ထားတယ့်ကားစီလျှောက်သွားလိုက်တယ်။

ရှောင်းကျန့် ပန်းကန်ထဲကလက်ကျန်ထမင်းကို လျှပ်စီးလိုနှုန်းနဲ့ အမြန်စားလိုက်တယ်။

" ဦးလေးဝမ်..ကျွန်တော်လည်းပြီးပြီမို့ သွားတော့မယ်နော် "

ရှောင်းကျန့် ပါးစပ်ကို သုတ်လိုက်ကာ ဦးလေးဝမ်ကို နူတ်ဆက်လိုက်ပြီး ရိပေါ်နောက်ကိုပြေးလိုက်လာခဲ့တယ်။

ဝမ်ကျန်းကော်တစ်ယောက်သာ ထမင်းစားခန်းထဲမှာကျန်ခဲ့တယ်။

" ရှောင်းကျန့်လေးက သခင်လေး ကိုအရမ်းတွယ်ကပ်နေသလိုဘဲနော်..သခင်လေးကလည်း ပြောင်းလဲလာတယ် အရင်နေ့က ရှောင်းကျန့်ဖျားတုန်းက မိသားစုဆရာဝန်ကိုမခေါ်ဘဲ သခင်လေးကိုယ်တိုင်ပြုစုပေးခဲ့တာရဲ့.."

ဝမ်ကျန်းကော် ပန်းကန်တွေသိမ်းနေတယ့် အန်တီဝေ့ရဲ့စကားကို အပြုံးလေးဖြင့်သာတုံ့ပြန်ပြီး ထမင်းစားခန်းထဲကနေထွက်သွားတယ်။

လူကြီးတွေရဲ့ပြဿနာကြားမှာ မြေစာပင်လေးဖြစ်ခဲ့ရတယ့်ဝမ်ရိပေါ်ရဲ့နူးညံ့နေခဲ့တယ်နှလုံးသားတဖြည်းဖြည်းနဲ့မာကျောလာခဲ့ရတယ်။

မျက်နှာသေဖြင့်သာ  ခံစားချက်မထုတ်ပြတတ်တော့တာကြောင့် သားဖြစ်သူအပေါ် ဝမ်ကျန်းကော်အပစ်ရှိသလိုခံစားခဲ့ရတယ်။

I'm wait for you   { Completed }Where stories live. Discover now