Unicode....
ညနေ၈နာရီ...ဝမ်အိမ်တော်ရဲ့ပင်မစံအိမ် ...
" ရိပေါ် မွေးနေ့မှာပျော်ရွင်ပါစေ "
ပင်မခန်းမထဲကိုဝင်လာတယ့်လူတွေဟာ ဝမ်ရိပေါ်စီကိုသွားပြီး လက်ဆောင်တွေပေးကာဆုတောင်းပေးကြသည်။
ဝမ်ရိပေါ်က အင်းဟုသာတုံ့ပြန်ကာ လက်ဆောင်တွေကို သူ့ဘေးက အကူတွေကသိမ်းပေးနေသည်။
ရိပေါ် ခန်းမထဲကို ဝေ့ဝိုက်ကြည့်ကာ တွေ့ချင်နေတယ့်သူကိုမတွေ့ရတာကြောင့်မျက်နှာကခါတိုင်းထက်ပိုအေးသက်နေကာ လာနူတ်ဆက်တယ့်အတန်းဖော်တစ်ချို့ခင်ဗျာ အကြွေးရှင်မျက်နှာနဲ့ဝမ်ရိပေါ်ကို လာမနူတ်ဆက်ရဲကြပဲ ခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်နေကြသည်။
ချန်ရှီဟွေးက ဝမ်ရိပေါ်စီကိုခဏလောက်ရောက်လာပြီးနောက် ဖုန်းခေါ်ဆိုမူတစ်ခုကြောင့်အပြင်ကိုထွက်သွားသည်။
" ရိပေါ်ကောကော မွေးနေ့မှာပျော်ရွင်ပါစေနော်.."
" ကျေးဇူး.. ရှောင်မိန်း "
ဝမ်ရိပေါ်လည်တိုင်လောက်သာအရပ်ရှိသည့်မိန်းကလေးက ချစ်စဖွယ်အပြုံးလေးဖြင့် ရိပေါ်လက်မောင်းကို လက်တစ်ဖက်ဖြင့် တွယ်ချိတ်လာသည်။
" ဟွန့် ရိပေါ်ကောကော အတွက် ရှောင်မိန်းလက်ဆောင်ယူလာတယ်..ကုလီ လက်ဆောင်ထုတ်လိုက် "
မိန်းလီ သူ့ရဲ့သက်တော်စောင့်ကို လက်ဆောင်ဖွင့်ခိုင်းလိုက်ကာ အပြင်ပန်းကြည့်ရုံနဲ့တင်စျေးကြီးမယ့် လက်သီးဆုပ်လောက်ရှိတယ့်ဘူးအသေးလေးကိုယူလိုက်သည်။
" ဒါက ရှောင်မိန်း နိုင်ငံခြားကနေ ကြိုပြီးမှာထားခဲ့ရတယ့် အကန့်အသတ်နာရီလေး..ရိပေါ်ကောကောကို ရှောင်မိန်းဝတ်ပေးမယ် "
" မလိုဘူး.. "
ရိပေါ်ကမျက်နှားထားအေးစက်စက်ဖြင့်သာ ငြင်းပစ်လိုက်ကာ မိန်းလီရဲ့လက်တွေကိုခွာချလိုက်သည်။
" ဟွန့်!!! ရိပေါ်ကောကောကို အန်ကယ်ဝမ်နဲ့တိုင်မယ် "
မိန်းလီကခြေဆောင့်ကာ ရိပေါ်အနားထွက်သွားသည်။
YOU ARE READING
I'm wait for you { Completed }
RomanceUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...