(126.2)

1.5K 216 0
                                    

(126.2)ကိုယ် ကိုယ့်ကိုယ်ကိုယ် သဝန်တိုတယ်

T/n_ Double update ပါ ฅ⍢⃝

[ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ကိုအရင်ပုံစံတွေကိုပဲ ပြန်ရေးစေချင်တယ်.. တခြားဘက်ကိုကူးတာက ကောင်းတယ်ဆိုပေမဲ့ တစ်ဆင့်ချင်းသွားသင့်တာလေ.. သူ့ခြေလှမ်းကကြီးလွန်းခဲ့ရင် ပြုတ်ကျလာမှာကို ဂရုစိုက်သင့်တယ်]

[ သူနားမထောင်မှာကိုစိုးမိတယ်.. ပြောရရင် သူက ပရိသတ်များနေပြီလေ.. နောက်ပြီး လူတိုင်းက သူ့ကို ခရမ်းရောင်ဝေ့ရှင်းကြယ်လို့တွေးနေကြတာ*]

(T/n_ ခရမ်းရောင်ဝေ့ရှင်းကြယ်ကို ရှေးခေတ်တုန်းက အင်ပါယာအတွက်သတ်မှတ်ထားတဲ့ကြယ်ပွင့်အဖြစ်ယူဆကြပါတယ်
နက္ခပညာရှင်တွေက အဲဒီကြယ်ကိုကြည့်ပြီး ဧကရာဇ်အကြောင်း ဟောပြောကြတာမျိုးပေါ့)

[သူတို့တွေ  ဒီစာအုပ်ကိုဖတ်သင့်တယ် ဟုတ်လား? ဒီစာအုပ်ရဲ့ဒေတာ (like ,ment,mark)တွေကဖြင့် လူတိုင်းနဲ့အတူတူလောက်ပဲကို .. သူတို့က ခရမ်းရောင်ဝေ့ရှင်းကြယ်နဲ့ နှိုင်းယှဥ်ရဲသေးတယ်ပေါ့ ဟားဟားဟား)

ရှန်ချင်းရှု ဒါတွေကိုဖတ်နေခဲ့တယ်။ သူ့အနေနဲ့ ကြိုတင်ပြင်ဆင်ထားခဲ့ရင်တောင် ထိုစကားတွေကြောင့် ခံစားရတုန်းပဲ။

ဒါက တချို့တွေက မကောင်းဘူးလို့ပြောခဲ့ကြလို့မဟုတ်ပဲ သူ့အရင်စာအုပ်တွေထက်ဖတ်ရှုသူလျော့ကျသွားလို့ဖြစ်လေတယ်။

စာအုပ်ကို မတင်ခင်တုန်းက သူတို့ဟာသူတို့ပဲသက်ဆိုင်ပြီး ရှန်ချင်းရှုကသာတစ်ဦးတည်းသောစာဖတ်သူဖြစ်ခဲ့တာ။

အခု တင်လိုက်ချိန်မှာတော့ သူနဲ့ပဲဆိုင်သေးတယ်ဆိုရင်တောင် ရှန်ချင်းရှုကထိုစာအုပ်ကို လူတွေအများကြီးဖတ်ဖို့မျှော်လင့်နေတုန်းပဲ။

သို့ပေမဲ့ လူတွေစားသောက်ချိန်မှာ ကိုယ်ပိုင်ကြိုက်နှစ်သက်တဲ့အရသာတွေရှိသလိုမျိုး စာဖတ်ခြင်းကလည်းအတူတူပဲ။ ဒီတော့ အရသာသစ်နဲ့ ရင်ဆိုင်ရချိန်မှာ တချို့က ကြိုးစားကြည့်ချင်ကြပြီး တချို့ကတော့ လက်လျော့ချင်ကြတယ်။ ဒါကပုံမှန်ဖြစ်ပြီး ရှန်ချင်းရှုလည်းဒါကိုနားလည်နုုင်တယ်.

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now