130(2

1.4K 98 1
                                    

🍀

130.[နှစ်ယောက်တစ်ယောက်]ချင်းချင်း: အားနည်းပြီး သနားစရာကောင်း ဒါပေမဲ့ သရုပ်ဆောင်နေနိုင်တုန်းပဲ (part-2)

သူ ရှန်ချင်းရှုကို အဆင်အခြင်မဲ့ပြီးရူးသွပ်နေသလိုမျိုး ကြည့်လာတယ်။

“မင်းအနေနဲ့ အရင်အသတ်ခံရပြီးမှ မုဒိန်းကျင့်ခံရတာကိုကြိုက်လား ဒါမှမဟုတ် အရင်မုဒိန်းကျင့်ခံပြီးမှ အသတ်ခံရတာပိုကြိုက်လား.. ဘာပဲ​ဖြစ်ဖြစ် ငါလည်း အသက်ရှင်နိုင်တော့မှာမှမဟုတ်ဘဲ.. အတူတူသွားကြတာပေါ့..  တစ်ခုရွေးလိုက်လေ ငါမင်းဆန္ဒကို ကူညီပြီးအကောင်အထည်ဖော်ပေးမယ်"

"မဟုတ်ဘူး"
ရှန်မားမား သူ့ရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်။

"ရှောင်ယွီ.. မင်း အဲလိုလုပ်လို့မရဘူး.. မင်း ဥပေဒကိုချိုးဖောက်နေပြီ.. မင်း ထောင်ထဲကိုဝင်ရလိမ့်မယ်!"

"ကျွန်တော် ထောင်ထဲကိုဝင်မှာမဟုတ်ဘူး"
ရှန်ချင်းယွီ သူမကို ရူးသွပ်နေတဲ့မျက်လုံးတွေနဲ့ကြည့်လာတယ်။

"လူသေတွေက ထောင်ထဲမသွားဘူးလေ.. ကျွန်တော်က ထောင်ထဲကိုဘယ်လိုသွားနိုင်မှာလဲ"

" ခင်ဗျားတို့အားလုံး ကျွန်တော့်ကိုသေစေချင်တာမလား? ခင်ဗျားတို့အားလုံး ကျွန်တော့်ကိုမျက်စိစူးစရာလို့  မထင်ခဲ့ကြဘူးလား? ကျွန်တော် ပိုက်ဆံတွေအများကြီးကို လူတွေအများပြီးဆီကနေ ချေးယူခဲ့တယ်.. ကျွန်တော်က အသက်ရှင်နိုင်ပါဦးမလား? ဒီတော့ သူ့ကိုပါ သေချာပေါက်ခေါ်သွားပြီး အတူသေရမှာပေါ့ ဟုတ်တယ်မလား"

သူက ရှန်ချင်းရှုဘက်ကို လှည့်ကာ အပြုံးတစ်ခုနဲ့ကြည့်လာတယ်။

"ဟုတ်တယ်မလား ရှန်ချင်းရှု"

"ငါ မင်းကို ပိုက်ဆံတွေပေးပါ့မယ် ရှောင်ယွီ.. မင်းပိုက်ဆံတွေပြန်ပေးနိုင်အောင် ငါကူညီပေးပါ့မယ်.. အဲလောက်ကြီး ကြမ်းတမ်းနေစရာမလိုပါဘူး ရှောင်ယွီ.. သူ့ကိုသွားခွင့်ပေးလိုက်ပါ.. ကျေးဇူးပြုပြီး မား မင်းကိုတောင်းပန်ပါတယ်"

ရှန်မားမားက သူ့ရဲ့လက်မောင်းကို လှုပ်ခါကာ တောင်းဆိုခဲ့တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now