အပိုင်း 24

1.8K 96 39
                                    

အပိုင်း 24

ရှုမဝစံ အိမ်ကိုရောက်ရောက်ချင်း မ ကို သူ့အခန်းထဲအားခေါ်သွားလိုက်သည်။

စပန့်ဂါဝန် အညိုရောင်ဝတ်ထားတဲ့ မ က ခါတိုင်းနေ့တွေနဲ့မတူဘဲ ဒီနေ့ တမျိုးလှနေသည်။
ဆံပင်ကို အပေါ်ကို မြှောက်စီးပြီးထုံးထားတဲ့ မ မျက်နှာလေးက ပြောင်ရှင်းပြီးချစ်ဖို့ကောင်းနေသည်။
ရေချိုးပြီး ဘာမှမလိမ်းထားတဲ့ မျက်နှာပုံစံလေးက ရှုမဝစံ သဘောအကျရဆုံး အချက်တွေထဲက တစ်ခုပင်။

မ ရဲ့ ဘာမှ မလိမ်းထားတဲ့မျက်နှာလေးကို ရှုမဝ သိပ်ချစ်သည်။
မိတ်ကပ်တွေ သနပ်ခါးတွေထက် သဘာဝမျက်နှာလေးနဲ့ပိုပြီးချစ်ဖို့ကောင်းတဲ့ မ က ဒီနေ့ သိပ်ကို ကြည့်ကောင်းနေသည်။
မ က နှာခေါင်းလေးနဲ့ မျက်လုံးလေးတွေရဲနေအောင်ထိ ငိုထားပုံရသည်။

အခန်းထဲက ကုတင်ပေါ်မှာ မ ကို ရှုမဝစံ ထိုင်ခိုင်းလိုက်သည်။
ထို့နောက် မ ရဲ့ နံဘေးမှာ သူပါထိုင်လိုက်သည်။

"မ! ဆိုးနေတယ်နော်"

"မ ဘယ်မာဆိုးလို့လဲ... မ ..နွေရိပ်တို့ဆီ သွားချင်ရုံလေးပါပဲ"

အသံကလေး တုန်ရီစွာပြောနေသော မ က ဝမ်းနည်းနေတယ်ဆိုတာသိသည်။
ဒါပေမယ့် မ ရဲ့ အပြစ်တွေအတွက်လည်း ကျော်မပေးနိုင်။
မရိုက်တော့ဘဲ သူ့အပြစ်ကို သူမြင်သာအောင်အထိ ပြောပြဖို့သာ တွေးထားလိုက်သည်။

ခါတိုင်းလို စိတ်နဲ့ဆို မ အတော်လေး နာနေလောက်ပြီ။

"မ...မ ကို ကျနော် ဘာလို့ ခေါ်လာတာလဲ သိလား"

"ရိုက်မလို့မလား"

"မဟုတ်ဘူး...အပြစ်တွေလုပ်ထားတဲ့ ကလေးဆိုးကြီးကို ဆူမလို့ ခေါ်လာတာ...ဝမ်းနည်းနေတဲ့ မ ကို ကျနော် ဆူလို့ရလား"

မိုးသက်မေ သူ့ဘေးက ကောင်မလေးရဲ့ မျက်လုံးကလေးတွေကို ကြည့်လိုက်သည်။

ထို့နောက် ကောင်မလေးရဲ့ ခါးလေးကို ဖက်ကာ...

"ဟင့်"

"မ...တော်ပြီ ...ကျနော့်ရှေ့မှာ မတ်တပ်ရပ်ပေး"

.

.
.

"မ ! ကျ‌နော် မူကြိုကျောင်းကအပြန် ဘာမှာလိုက်လဲ"

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now