🧡အတိတ်မေ့ ခင်ပွန်း🧡Part 33
ဘုရားကျောင်းထဲဝင်ရောက်သွားတဲ့ လူတစ်စုအား အမှောင်ရိပ်ထဲမှ လူတစ်ယောက်ဟာကြည့်နေခဲ့သည်
ထိုလူမှာတော့ မြွေပွေးဂိုဏ်းခေါင်းဆောင်စေရာဖြစ်သည်
သူဟာ မြွေဆိပ်ကြောင့် အကြောသေနေတဲ့သူ့ရဲ့ လက်တစ်ဖက်ကို ဖိကိုင်ထားသည်
နောက်ပြီး သေနတ်များနဲ့ချိန်ခံရကာ ဘုရားကျောင်းထဲသွားရန် ဖိအားပေးခံနေရသည့် ဒီပယံတို့အားကြည့်နေခဲ့သည်
စေရာ ခပ်မဲ့မဲ့ပြုံးမိသည်
"ဒီလိုတွေ ဖြစ်လာမယ်လို့တော့ ခန့်မှန်းမိသား..."
သူဟာ သူ့သေနတ်ထဲက ကျည်ဆံလက်ကျန်ကို စစ်ဆေးလိုက်ပြီးနောက် မှောင်ရိပ်ခို၍ တိတ်တဆိတ်သာ အနောက်ကနေလိုက်တော့သည်
ဘုရားကျောင်းထဲဝယ်...........
ပန်ပန် သူမခေါင်းတွေအတန်ငယ်မူးဝေနေကာ အော့အန်ချင်နေသည်
သို့ပေမဲ့ သူမမျိုသိပ်ထားရာ သူမမျက်နှာလေးက အားနည်းဖြူဖျော့နေသည်
ခြေထောက်များကလည်း အားနည်းခွေယိုင်ချင်နေပြီမလို့ လမ်းလျှောက်ရာတွင်နှေးနေသည်
"မြန်မြန်လျှောက်....."
ထိုအခါ စစ်မင်းနွယ်ရဲ့လူမှ သူမကျောပြင်အား သေနတ်နဲ့ထောက်ကာ တွန်းလေသည်
သို့ပေမဲ့ တခဏချင်းမှာပင် ထိုသေနတ်က ပုတ်ထုတ်ခံလိုက်ရပြီး သူမလည်း ရင်ခွင်ထဲအဖက်ခံလိုက်ရသည်
"သူမကို ထိစရာမလိုဘူး...."
ထိုလူလည်း ဒီပယံရဲ့ ပြင်းထန်တဲ့အကြည့်အောက် ခြေတစ်လှမ်းဆုတ်မိသွားသည်
"ပန်ပန် မင်းနေလို့ကောင်းရဲ့လား....."
"အွန်း ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ...."
ပန်ပန် ထိန်းထားပေမဲ့မရတော့ ချမ်းရဲ့အကူအညီနဲ့သာ တွဲမှီထားရသည်
စစ်မင်းနွယ်က သူတို့အား ဟိုးအောက်ဘက်သို့နိမ့်ဆင်းသွားတဲ့လှေကားအတိုင်းခေါ်ဆောင်သွားသည်
သူတို့အထင် ဒါဟာ ပိရမစ်ရဲ့ ဒုတိယအလွှာဖြစ်လိမ့်မည်
သူတို့အောက်ဘက်ရောက်တော့ ကျောက်နံရံတစ်ခုကတားဆီးထားသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....