🧡အတိတ်မေ့ ခင်ပွန်း🧡Part 34
သူတို့အနေနဲ့ တတိယအလွှာတွင် ဘယ်လို အန္တရာယ်များကို ကြုံတွေ့ရမလဲလို့ ရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့သည်
စစ်မင်းနွယ်ရှေ့ကနေ မီးတုတ်ကို ကိုင်၍ နံရံပေါ်ရှိ မောင်းတံတစ်ခုကို ဆွဲလိုက်ပြန်သည်
ထိုအခါ နှစ်ပေါင်းများစွာ ပိတ်ခံထားရသော ကျောက်နံရံကြီးဟာ ပွင့်လာတော့သည်
သို့ပေမဲ့ ထိုခဏမှာတင် သူတို့မျက်လုံးများကျိန်းစက်သွားလောက်စေသော အလင်းရောင်များနဲ့ ရင်ဆိုင်လိုက်ရသည်
ပန်ပန် သူမရဲ့မျက်လုံးများကို အားယူကာ ဖွင့်လိုက်တော့မှ သူမအမြင်အာရုံကို မယုံကြည်နိုင်လောက်အောင် အံ့ဩသွားစေသော မြင်ကွင်းက စောင့်မျှော်နေသည်
"ဒါတွေက အပင်တွေလား......"
"မဟုတ်မှ ကျွန်တော်တို့ အပြင်ရောက်သွားတာလား....."
လုလင်ရဲ့ အမေးစကားကို ဒီပယံက
"မဟုတ်ဘူး လုလင် ငါတို့ ပိရမစ်ထဲမှာဘဲ ရှိသေးတယ်......"
"ဘယ်လို......"
လုလင်မေးလည်းမေးချင်စရာပင် သူတို့ အခုတွေ့နေရတာက ကန္တာရအလယ်ခေါင်က အိုအေစစ်
ကလေးလို ဖြစ်နေသည်သဲသောင်ပြင်နှင့် မြက်ခင်းစိမ်းတွေ ရေမြေနဲ့ အလင်းရောင်လည်းရှိနေသလို သစ်ပင် ပန်းမန်များနဲ့ သာယာလှသော နေရာတစ်ခုကို သူတို့ရောက်နေလေသည်
စစ်မင်းနွယ်က သဲသောင်ပြင်နဲ့ မြက်ခင်းစိမ်းများကို စမ်းသပ်ကာ မျက်မှောင်ကြုံ့နေသည်
"ဒါအစစ်တွေဘဲ......ဖန်တီးပြုလုပ်ထားတာမဟုတ်ဘူး....."
သူအလင်းရောင်ရနေပါတဲ့ အပေါ်ကို မော့ကြည့်လိုက်ချိန်မှာတော့ နားလည်သွားရသည်
ပိရမစ်ဟာ တြံဂံပုံစံ အပေါ်သို့ ကျဉ်းသွားပြီး ထိပ်တွင်တော့ စိန်တုံးကြီးရှိနေသည်
အပေါ်ထပ်က အလွှာနှစ်လွှာကြားမှဖြတ်သန်း၍ အပေါ်သို့ကျဉ်းသွားပုံရတာကြောင့် အပေါ်ဘက်မှနေရာဟာ အလွန်းကျဉ်းမြောင်းသွားသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....