"အား.... ကျွတ်ကျွတ်"
ခေါင်းကို တစ်ခုခုနဲ့ ကပ်ထားသလိုခံစားရပြီး Jihoon တစ်ယောက် သတိရလာသည်။ သူနောက်ဆုံး မှတ်မိတာက လေဆိပ်ကနေ အိမ်အပြန် လမ်းမှာ ကားကို နောက်ကနေ တစ်ခုခုလာဆောင့်ပြီး ခေါင်းနဲ့ ရှေ့ခုံဆောင့်မိတာဘဲ။ အခုက ဘယ်လိုဖြစ်လို့ အိမ်ထဲရောက်နေတာလဲ။ အချိန်ကလည်း သန်းခေါင်ယံအချိန်မို့
စဉ်းစားရင်း ခေါင်းက ကိုက်လာသည်။ ခေါင်းကို စမ်းမိတော့ နဖူးစနားက ပတ်တီးဖြတ်ပိုင်းလေး တစ်ခုကို စမ်းမိသည်။"Jihoon သတိရလာပြီလား.....ဦးငယ် စိတ်ပူလိုက်တာ သားရယ်"
အခန်းတွင်ထိုင်ကာ Laptop ကြည့်နေသည့် ဦးငယ်က ထလာကာ လာမေးသည်။ ဆွေမျိုးဆိုလို့ ဦးငယ် တစ်ယောက်တည်း ရှိတာမဟုတ်လား။ ဒီက လုပ်ငန်းတွေကိုလည်း ဒီအခြေနေထိ ဦးငယ်ဘဲ ထိန်းပေးခဲ့တာ။
ဦးငယ်နဲ့ သူက တူရီးတော်ပေမယ့် ဦးငယ်က အခုထိ နုတုန်း ပျိုတုန်းဖြစ်သည်။ အသက် (၃၂) သာ ရှိသေးပြီး Style Pants ဘောင်းဘီ အနက်ရောင်အား T-shirt လက်ရှည်အဖြူနှင့် လိုက်ဖက်ညီစွာ ဝတ်ထားသည်။
အင်္ကျီလက်မျာစကို လက်အလယ်ထိ ခေါက်တင်ထားတာကြောင့် လက်ဖျံသွေးကြောများ ကို အထင်းတိုင်းမြင်နေရသည်။ ဆံပင်ကို နောက်လှန်တင်ထားကာ ဘေးထောက်အတိ ချထားတာမို့ ထူနက်သော မျက်ခုံးတို့က အထင်အရှား။"ဦးငယ် ဘယ်လိုဖြစ်ကြတာလဲ ၊ လေဆိပ်က အပြန် ကျွန်တော်ဘာမှ မမှတ်မိတော့ဘူး"
"သားတို့ကားကို Quaralia ဂိုဏ်းက ဝင်တိုက်ခိုက်ကြတာ ၊ သားက ခါးပတ်မပတ်ထားတော့ ကားနဲ့ စောင့်မိပြီး သတိလစ်သွားတယ်၊ Bodyguard တစ်ယောက်က သားကိုပွေ့ပြီး ဒီအထိ သယ်လာတော့တာဘဲ အခုတော့ ပြီးသွားပါပြီ သားအတွက် စီစဉ်ထားတဲ့ Bodyguard တွေကလည်း စိတ်ချရပါတယ် ဟိုဘက်ကို အပြတ်ဖြတ်လိုက်တယ် ခေါင်းဆောင်ရှိမယ့်နေရာကို သိရဖို့တော့ စုံစမ်းနေပြီမို့ သိရတဲ့ အချိန်ကျရင် သားစိတ်တိုင်းကျ လုပ်ပါ"
Jihoon ခေါင်းညိမ့်တော့ ဦးငယ်က
"ဒါဆို သားနားလိုက်ဦး ၊ မနက်ဖြန် Apalachin meeting ရှိတယ်"
လို့ ပြောကာ Laptop ယူပြီး အခန်းထဲက ထွက်သွားလိုက်သည်။
ဦးငယ်ထွက်သွားတော့မှ Jihoon အိပ်ယာပေါ်က ဆင်းကာ အိမ်ထဲ လျှောက်ပတ်ကြည့်နေလိုက်သည်။ အောက်ထပ်ဆင်းတော့ လှေကားရင်းနားက ပန်းအိုးကြီး ၂ အိုးကို တွေ့လိုက်သည်။ မေမေက ပန်းလေးတွေဆို သိပ်ချစ်တာမို့ Jihoon ငယ်ငယ်တုန်းကဆို ဒီပန်းအိုးကြီးထဲ ပန်းမျိုးစုံနှင့် လှပနေသည်။ အခုတော့ အလွတ်အတိုင်း ရှိနေသည့် ပန်းအိုးကြီးသာ ကျန်တော့သည်။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍