အပိုင်း 25
လူကြီးလွှတ်မယ့်နေ့မတိုင်ခင် 2ရက်အလို။
သောကြာနေ့ နံနက်ခင်းဝယ် ....
မင်းငယ်တို့အိမ်မှာ အဝေးက အမျိုးတွေ ရောက်လို့နေကြသည်။
မုန့်စားသူကစား၊ စကားပြောသူကပြောနဲ့ အိမ်အတွင်း စည်ကားနေလေသည်။မင်းငယ်နဲ့ဘေဘီ မမနွေ လူကြီးတွေနဲ့စကားပြောနေစဉ် ဖွက်ထားသော ပုရစ်ကြော်ဗူးကိုယူကာ အခန်းထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ဝင်သွားလိုက်သည်။
မမနွေက သူတို့နှစ်ယောက်အား ပုရစ်ကြော်ထပ်မစားရလို့အမိန့်ထုတ်ထားသည်။
အကြောင်းမှာ ထီးချိုင့်က မင်းငယ်ဦးလေး ယူလာတဲ့ ပုရစ်ကြော်ဗူး နှစ်ဗူးထဲက တစ်ဗူးကို မင်းငယ်တို့ ကုန်အောင်စားလိုက်ခြင်းကြောင့်ပင်။
ကျန်တဲ့တစ်ဗူးကို မမနွေက ဖွက်ထားပေမယ့် မင်းငယ်တို့ မရရအောင်ရှာထားရတာဖြစ်သည်။ပုရစ်ကြော်ဆို သိပ်ကြိုက်တဲ့ မင်းငယ်တို့ စားပြီးမှ အရိုက်ခံရလည်း တန်သည်ဟု တွေးထားပုံရသည်။
အခန်းထဲကိုအရောက် ဗူးဖွင့်ကာ နှစ်ယောက်သား စားလိုက်သည်။
ပေါ်ဦးပေါ်ဖျား ပုရစ်မို့ထင်သည် ..အရသာက သိပ်ကိုကောင်းသည်။
ဘာဆိုဘာနဲ့မှမလဲနိုင်။"မမလမင်းငယ်...ခိုးစားရတဲ့ ပုရစ်က ပိုအရသာရှိတယ်နော်...အဟွတ် အဟွတ်"
"ဟာ ဖြေးဖြေးစား...ဒါနဲ့ဘေဘီ ပြီးရင် ဆေးသောက်ထားနော်...ပုရစ်က အစားများရင် အကြောတက်တယ်လို့ပြောတာပဲ...နေဦး မမနွေအတွက် 10ကောင်လောက်ချန်လိုက်ဦး"
မင်းငယ် မမနွေအတွက် 10ကောင်ကို ဖယ်ထားလိုက်သည်။
ပြီးနောက် ဘေဘီနဲ့အတူ ဆက်စားလိုက်သည်။"အရသာက ရှယ်ပဲ မမလမင်းငယ်ရေ...ဘေဘီလေ ပုရစ်ဆို သိပ်ကြိုက်တာ...မန္တလေးမှာ ဟိုတစ်လောကဝယ်စားတာ တစ်ကောင်250တဲ့ ...10ကောင်လောက်ပဲမေမေက စားခိုင်းတယ် အများကြီးမစားရဘူး...အခု အဝကျိတ်ပြီ"
ပြုံးရွှင်နေသော မျက်နှာတွေနဲ့ ကောင်မလေးနှစ်ယောက် ပြောလိုက်စားလိုက်နဲ့ နောက်ဆုံးတွင် ဗူး တစ်ဗူးလုံးကုန်လေပြီ။

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romanceမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။