Ep 16 (အချစ်မျက်ဝန်း) U/Z

50 2 0
                                    

Hotel ခန်းထဲတွင်

''ညီ.... ကိုယ်နဲ့ ခနလိုက်ခဲ့ပါလား''

ပြောနေရင်း စိုင်းအောင်က ဇေယျာလက်ကိုဆွဲကာ ဟိုတယ် အပြင်ခေါ်သွားတော့တယ်...

''ဘယ်သွားမလို့တုန်း... တခြားသူတွေတောင် အခန်းထဲဝင်ကုန်ပြီလေဗျာ''

''လိုက်သာလိုက်ခဲ့ပါ''

ဇေယျာလဲ စိုင်းအောင်ခေါ်ရာကို ကြောင်တောင်တောင်လေးလိုက်သွားတော့တယ်...

အေးချမ်းလှတဲ့ပုဂံမြေ ညနေရောင်ခြည်လေးကလဲ ကောင်းကင်မှာ လှပနေဆဲ... ငှက်ကလေးတွေကလဲ လွတ်လပ်စွာ ပျံသန်းနေကြတယ်.... သစ်ပင်တွေနဲ့ ဘုရားတွေ က ပုဂံရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှတရားကိုဖော်ပြလျက်...
ထိုရှုခင်းတွေကြားထဲ လမ်းလျှောက်နေကြတဲ့ ကောင်လေးနှစ်ယောက်...... ခြေဦးတည့်ရာသွားနေတယ် ထင်ရပေမယ့်..... တစ်နေရာအရောက်မှာတော့.

''ပေါက်စမျက်လုံးလေး မှိတ်ထားပေး''

''အာ ဘာလုပ်ဦးမလို့လဲ''

စိုင်းအောင်ကပြုံးပြီး ကျွန်တော့်နောက်ကနေ လက်နှစ်ဖက်နဲ့ မျက်လုံးကိုလာအုပ်ပြီး တစ်နေရာကိုထပ်ခေါ်သွားပြန်တယ်... ကျွန်တော် ကြောင်သွားတယ်.. ''သူဘာလုပ်မလို့လဲပေါ့'' တွေးနေမိတယ် သူ့လက်တွေဖယ်လိုက်တဲ့အချိန်မှာ....

''ကဲ ကြည့်စေဗျာ ပေါက်စအတွက် အထူးလက်ဆောင်''

''WoW... လှလိုက်တာ... ကျွန်တော် ဒီလောက်လှတဲ့ နေဝင်ချိန် တစ်ခါမှမမြင်ဖူးခဲ့ဘူး''

မြင်လိုက်ရတာက မျက်စိတစ်ဆုံး ဘုရားတွေရှိပြီး နေဝင်ချိန်ဆည်းဆာရောင်သန်းနေတဲ့ကောင်းကင်ကြီး...အဲ့မြင်ကွင်းကို ဇေယျာနဲ့ စိုင်းအောင်ခမ်းတို့ တောင်ကုန်းလေးပေါ်ကနေရှင်းလင်းစွာမြင်နေရတယ် ပုဂံပြည်ကြီးရဲ့ လှပပုံကတော့ စကားနဲ့ မမှီလောက်ပါ.....

''ပေါက်စ နေပြည်တော်က နေဝင်ချိန်ထက် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရတယ်မလား.. အခု ပေါက်စ ဆီမှာရှိသမျှ စိတ်ရှုပ်စရာတွေဖယ်လိုက်တော့''

''အကို ဒီနေရာ ဘယ်လိုသိတုန်း''

သူကျွန်တော့်ကို မျက်စိတစ်ဖက်မှိတ်ပြပြီး အဲ့အချိန်မှာ ကျွန်တော် သူ့ဆီက နွေးထွေးတဲ့အပြုံးလေးမြင်လိုက်ရတယ်..

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now