Chapter -1

47 3 0
                                    

Unicode

စံအိမ်ရှိလူများအားလုံးသူတို့သခင်မလေး၏ဒေါသကြောင့်‌ ခေါင်းကို မြေကြီးနဲ့ထိမတတ်ငုံ့ထားကြပြီးအပ်ကျသံမကြားတိတ်ဆိတ်နေလေသည်။

သခင်မ‌ လေး၏ အစောင်အရှောက်ဇာမဏီငှက်မှာလည်းမြင်သူတိုင်း ကြောက်ရွံ့စေမည့်အရှိန်အဝါကိုထုတ်လွှင့်ထား‌ လေသည်။ထိုအပြင် ခရမ်းမီးတောက်များမှာခန္ဓာကိုယ်တစ်ခုလုံးကိုလွမ်းခြုံထားပြီးသခင်မလေးပခုံးပေါ်တွင်နားနေလေသည်။

အိမ်တော်ထိန်းကြီးဟာသက်ပြင်းတစ်ချက်ချပြီးသူငယ်ငယ်ကတည်းကစောင့်ရှောက်လာတဲ့သခင်မလေးရဲ့ဒေါသကိုသူအသိဆုံးပင်။ထို့နောက်တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်လေသည်။

"သခင်မလေးမဏီကိုတကယ်စိတ်ရင်းနဲ့စိုးရိမ်လို့ဒီကမိန်းကလေးကတားမိတာပါ။သခင်မလေးထင်သလိုမဟုတ်ရပါဘူး။"

မဏီလည်းခပ်ဖွဖွရယ်ပြီးသူ့ကိုတားတဲ့အတွင်းရေးမှုးမလေးကိုမျက်လုံးသေနဲ့တစ်ချက်ကြည့်ကာလိုက်တော့

အကြည့်ခံလိုက်ရတဲ့အတွင်းရေးမှုးမလေးဟာခြေထောက်မခိုင်တော့ဘဲကြမ်းပြင်ပေါ်ခွေကျမလိုဖြစ်သွား၍သူ့ဘေးမှကောင်မလေးတစ်ယောက်ကထိန်းထားပေးရလေတော့သည်။

"ဟုတ်ပါပြီ။ကျွန်မကိုကား‌ သော့ပေးပါဦးအိမ်တော်ထိန်းကြီးရှင့်။ စိတ်ချပါ။ဘာမှမဖြစ်စေရပါဘူး။အရွယ်ရောက်ပြီးသားမင်းသမီး တက္ကသိုလ်သွားတတ်ဝာာဘဲ။ဟုတ်တယ်မလား"ဟုရယ်သံစွတ်ကာပြောလိုက်သည်။

အိမ်တော်ထိန်း ကြီး သစ်လင်း အာရုဏ်တစ်ယောက်သူတားလည်းထူးမှာမဟုတ်လို့သခင်မ‌‌လေးမဏီအားကားသော့ပေးလိုက်ရတော့သည်။‌ပြီးမှနန်းမျိုးနွယ်များအားအဓိကထိန်းချုပ်ထား‌ သောကြယ်တာရာစံအိမ်တော်ကိုသာသတင်းပို့ရန်တွေးလိုက်သည်။

မဏီလည်းပြုံးရွှင်ကာဆိုဖာပေါ်မှထိုင်ကာကားသော့ကိုယူလိုက်ပြီးအထုတ်အပိုးတွေကားပေါ်တင်‌ နေလိုက်‌တယ်။

စောနကကြောက်၍ကြောင်နေကြသူများမှသခင်မလေးမှလေးရဲ့အစောင့်အရှောက်ဇာမဏိငှက်ကိုကြည့်လိုက်တော့ခရမ်းရောင်မီးတောက်များမှတစ်ဆင့်လျော့ကာအနီရောင်မီးတောက်တွေပြောင်းနေသညိတွေ့မှသံပတ်ပေးထားတဲ့အရုပ်တွေလိုအခုမှလှုပ်လှုပ်ရှားရှားဖြစ်လာကာသက်ဆိုင်ရာအလုပ်တွေပြန်လုပ်ကြလေတော့သည်။

You've reached the end of published parts.

⏰ Last updated: Aug 20 ⏰

Add this story to your Library to get notified about new parts!

"Love story of a Phoenix" Where stories live. Discover now