Part-16(Unicode)

570 54 14
                                    

'တောင်'

တစ်နေကုန်လိုင်းမကောင်း၍စိတ်ညစ်ကာ ကာတွန်းစာအုပ်တွေချည်း ထိုင်ဖတ်နေသည့်ရှောင်းကျန့်တစ်ယောက် စား‌ပွဲပေါ်တင်ထားသည့်ဖုန်းမှ messageဝင်သံကြောင့် လက်ထဲမှစာအုပ်ကိုပစ်ချလိုက်သည်အထိ ဝမ်းသာပျော်ရွှင်သွားသည်။

စာက ရိပေါ်ဆီမှဖြစ်ပြီး

“အကပြိုင်ပွဲတုန်းက အောင်စာရင်းထွက်လာပြီ။ ငါအောင်တယ်”

ရှောင်းကျန့် နှုတ်ခမ်းသားတွေကော့ညွတ်သည်အထိ ပြုံးလိုက်ပြီး congratulationsဆိုသော စတစ်ကာလေးပို့လိုက်သည်။ သို့သော် နောက်ထပ်ငါးမိနစ်နေမှပို့ထားသည့်အရာက တစ်ဖက်လူဆီရောက်သည်မို့ ရှောင်းကျန့်စိတ်ညစ်ရပါ၏။

“လိုင်းကောင်းရင်ဖုန်းဆက်ပါလား။ ငါမင်းကိုပြောစရာရှိလို့”

ရှောင်းကျန့်ဘက်ကပို့သည့်စာက အနည်းငယ်နောက်ကျပြီးမှ ရိပေါ်ဆီရောက်ပေမယ့် နောက်ထပ်မိနစ်အနည်းငယ်အကြာမှာ ရိပေါ်ဆီကဖုန်းဝင်လာသည်။

"ဟယ်လို..ဟယ်လိုရိပေါ် ကြားရလားမသိဘူး။ ဟယ်လို"

လိုင်းမကောင်းတာမို့ ပြတ်တောင်း ပြတ်တောင်းသာ ကြားနေရသည့် ရိပေါ်အသံကြောင့် ရှောင်းကျန့်နေရာမှထကာ လိုင်းကောင်းမည့်နေရာကိုလျှောက်ရှာမိသည်။

"မင်း..ကြားရလား"

"အယ် ကြားရပြီရိပေါ်"

တစ်ဖက်မှသက်ပြင်းချသံအနည်းငယ်ကြားလိုက်ရပြီး ရိပေါ်၏အသံချိုချိုလေးက သူ့နားထဲသို့ ပျားသကာတစ်ခုလိုစီးဝင်လာသည်။

"ပြောစရာရှိတယ်ဆို"

"ငါ..ဆံပင်တွေညှပ်လိုက်ပြီရိပေါ်"

ရိပေါ်ဘက်မှအသံတိတ်သွားပြီး ရိပေါ်ဟာဘာစကားမှပြန်မပြောမိခင်မှာပဲ သူ့အင်္ကျီအိတ်ကပ်တွေထဲဆောင်ထားနေကျဖြစ်သည့် ခေါင်းစည်းကွင်းလေးကိုထုတ်ကြည့်ကာ အနည်းငယ်မျှပင် ပွတ်သပ်လိုက်မိသည်။ သူ့ရင်ထဲမှာ ဝမ်းနည်းမှုအချို့ကိုခံစားလိုက်ရပြီး ဂုတ်ထောက်ဆံပင်လေးနှင့်ရှောင်းကို မျက်စိထဲမြင်ယောင်လာသည်။ သူအဲသည်လောက်ထိ ရှောင်းဆံပင်ရှည်တွေကို မြတ်နိုးပါ၏။

𝖬ɣ 𝖧౿ɑ𝗋𝗍 Ԝꪱᜒᥣᥣ 𝖦𝗈 ᝪ𐓣 (Complete)Where stories live. Discover now