အပိုင်း 26

1.7K 89 25
                                    

အပိုင်း 26

မနက်ဖြန်က လူကြီးလွှတ်နေ့ရောက်ပြီမို့ ဒီနေ့ကတည်းက နွေရိပ်တို့ပြင်ဆင်စရာရှိတာပြင်ဆင်လို့နေသည်။

အားလုံးကိုယ်စီအလုပ်ရှုပ်နေပေမယ့် ဘေဘီကတော့ မင်းငယ်အား ထန်းသီးတွေခွဲကျွေးခိုင်းနေသည်။
ပေါ်ဦးပေါ်ဖျားထန်းသီးနုနုလေးတွေက ကြည့်ရုံနဲ့ ချိုပြီး အရသာရှိနေမယ်ဆိုတာ အသေအချာပင်။
စားနေရရင် ပြုံးရွှင်နေသော ဘေဘီမျက်နှာက တလက်လက်တောက်ပနေသော ကြယ်ပွင့်လေးသဖွယ်တူသည်။
မင်းငယ်ကလည်း စိတ်ရှည်လက်ရှည်ကို ခွဲပေးနေလေသည်။
ကောင်မလေးနှစ်‌ယောက် တကယ်လည်း ညီမှညီပါဘိ။

"မင်းငယ်...ထန်းသီးကို သေချာခွဲနော် ...လက်ကိုရော သေချာဂရုစိုက်"

"ဟုတ်မမနွေ"

မင်းငယ်ကိုသတိပေးအပြီး ရေခဲမုန့်ဆိုင်ကို နွေရိပ် ဖုန်းတစ်ချက်ဆက်ကြည့်ရဦးမည်ဖြစ်၍ ဖုန်းကိုယူကာ အခန်းထဲကိုသွားလိုက်သည်။
အခန်းထဲကိုအရောက် ညောင်းနေသော မိမိဂုတ်ပိုးလေးကို ထုကာ ဖုန်းကိုခေါ်လိုက်သည်။

"Hello ကိုတိုး...ညီမ နွေရိပ်ငြိမ်ပါ"

"အေး ညီမ"

"မနက်ဖြန် ၁၂နာရီနော် ကိုတိုး ....ရေခဲစည်ကလည်း ၂၅ စည် နော် ....ကိတ်မုန့်ဗန်းတွေရော သေချာလေးတင်ခဲ့ဦးနော်... အလည်ရောက်ရွာပေါက်ရောက်ရင် ညီမကိုဖုန်းဆက်"

"အေးပါ နွေရိပ်ရာ ...တိကျလိုက်တဲ့ ငါတို့ညီမလေး...မိန်းမရတော့မာဆိုတော့ ပျော်နေပြီပေါ့"

"ကိုတိုးတောင် မမနဲ့ရ‌တုန်းက မပျော်ဘူးလား...အခုလည်း နွေရိပ်လည်းအဲ့လိုပဲ"

"အေးပါဟာအေးပါ"

နွေရိပ် ကိုတိုးဆီဖုန်းဆက်ပြီးနောက် အခန်းအပြင်ကိုထွက်လိုက်သည်။ထို့နောက် အိမ်ရှေ့ကိုသွားလိုက်တော့ အခုထိ ထန်းသီးခွဲစားနေတဲ့ ကောင်မလေးနှစ်ယောက်ကိုတွေ့လေသည်။

"ဟေ့ တော်ပြီ ဟိုနှစ်ယောက်"

သူပြောနေတာကို အဖက်မလုပ်ဘဲ မကြားချင်ယောင်ဆောင်နေကြတဲ့ ကောင်မလေးနှစ်ယောက်က ထန်းသီးတွေကို ဆက်ပြီး ခွဲစားနေကြသည်။

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now