Camera Flash မီး တဖြတ်ဖြတ်လင်းနေတဲ့ ကောဇောနီလျှောက်လမ်းစီသို့ တရွေ့ရွေ့ ရွေ့လျားနေတဲ့ ကားတန်း
ရှည်ကြီးပေါ်မှာ ကိုယ့်ကားမရောက်မချင်း အီစိမ့်နေ
အောင်ထိုင်နေပြီး ပေါင်ပေါ်တင်ထားတဲ့ Laptop ပေါ် ပြေးလွှားနေတဲ့ လက်တစ်စုံက သွက်လက်လျက်"ကျစ် မရောက်မရောက်နိုင်ဘူး"
လက်ကောက်ဝတ်မှာပတ်ထားတဲ့ Rolex နာရီဆီအကြည့်ပို့မိတော့ သူဒီကားပေါ်မှာ စောင့်နေရတာ မိနစ် ၂၀ လောက်ရှိတော့မယ်"Sir ရောက်ပါတော့မယ် အသင့်ပြင်လို့ရပါပြီ"
Driver ရဲ့ အသိပေးသံကြောင့် လုပ်လက်စ အလုပ်ကို လက်စသတ်လိုက်ပြီး ခါးကိုပါ တစ်ခါတည်း မတ်လိုက်
သည်မိမိကားက ကောဇောနီ လျှောက်လမ်းရဲ့ တည့်တည့်မှာ ရပ်လိုက်တာနဲ့ တံခါးလာဖွင့်ပေးတဲ့ Staff နဲ့အတူ အဆက်မပြတ် ထွက်ပေါ်လာတဲ့ Camera Flash တွေ
Media တွေပါ ရောက်နေတာမလို့ ကြိုတင်မခန့်မှန်းနိုင်တဲ့ မေးခွန်းတွေအတွက် သူအဆင်သင့်ဖြစ်နေပြီ
"Sam ! Sam ! Company က နောက်ထွက်မယ့် Design အတွက် အသင့်ဖြစ်နေပြီလား"
"Ambassador အသစ်ခန့်မယ်လို့ကြားတာမို့ ဘယ်သူ ဖြစ်နိုင်မလဲ hint ပေးလို့ရမလား"
လျှောက်လမ်းတစ်ဖက်က Press တွေကို တစ်ချက်ပြုံး ကြည့်တော့ နဂိုထက်ပိုလင်းလာတဲ့ Flashမီးတွေကြား အပြုံးတစ်ပွင့်ဆင်လိုက်ရင်း
"ကျွန်တော်တို့ မကြာခင် အသိပေးမှာမလို့ စောင့်ကြည့်ပေးကြပါဦး ခင်ဗျ"
မင်းသားမင်းသမီးတွေထက်တောင် အာရုံစိုက်ပိုခံနေရတဲ့ Sam ကတော့ အပိုအလိုသိပ်မရှိတဲ့ မေးခွန်းတွေသာဖြေပြီး Fashion ပွဲလုပ်ရာ Main Hall ထဲသို့သာဝင်ခဲ့တော့သည်
"Sir ဒီဘက်မှာပါ"
Sam Hall ထဲကို ဝင်လာတာနဲ့ Hall ထဲက သူတွေရဲ့ အကြည့်တွေကို ဖမ်းစားပစ်လိုက်သည်
Samက မှုန်နေအောင်ချောတဲ့အပြင်တည်ကြည်တဲ့ မျက်နှာနဲ့ တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်အချိုးအစားအပြင် ရိုးရှင်းပေမယ့် အရှိန်အဝါထင်းထွက်နေတဲ့ Suit နဲ့
အရာအားလုံးပြီးပြည့်စုံရုံသာမက နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်ဂုဏ်ပုဒ်ကိုပါဆောင်ထားတော့ မြင်သူတိုင်း အားကျပြီးငေးချင်စဖွယ်ပဲ