ကိုကို "
" ..... "
" ခင်ဗျား , မောင် မျက်ဝန်းကိုကြည့် "
ရူတို ပြောသလို မဝံ့မရဲဖြင့် ချထားသည့်မျက်လွှာလေးက အပေါ်သို့ ပင့်ကြည့်လျှင်
" မောင် , လိုချင်တာ ခင်ဗျား အသွေးအသား "
" ဖြောင်း ... ! "
" ခင်ဗျား.. မောင့်ကိုရိုက်တယ်ဟုတ်လား "
"......"
" မှတ်ထား.. မောင့် ပါးကို အခုကစပြီး ခင်ဗျားရိုက်ခွင့်မရှိဘူး ၊ ခင်ဗျား ပါးကို သာ မောင်ရိုက်ခွင့်ရှိတာ "
" မင်း ပါးစပ်ကို ပိတ်ထား ...ဟာရူတို "
" ခင်ဗျား...မောင့်ကိုလက်ထပ် "
" ရူးနေလား ... အဲ့မှာ မင်းတစ်ယောက်ထဲ စိတ်ကူးယဉ်နေလိုက် ဖယ် .. လွှတ် ငါ့လက်က်ု "
" မသွားရဘူးလို့ပြောနေတယ်လေ.. နားမပါဘူးလား "
ဟာရူတိုသည် ယိုရှီကို အကြမ်းပတမ်းဆွဲခေါ်သွားပြီး ကားပေါ်သို့ တက်စေသည်။
သိူ့သော် ယိုရှီက အတင်းအဓမ္မ ရုန်းလေသည်။
" ငါ့ကို ဖယ်ခေါ်သွားမလို့လဲ "
" Hokkaido "
" ဘာ "
"......"
" ဖယ်...ငါဆင်းမယ် "
" ခင်ဗျား ငြိမ်ငြိမ်နေ ၊ ကျုပ်ဒီမှာ ကားမောင်းနေတာ ၊မဟုတ်ရင် နှစ်ယောက်လုံး သေသွားလိမ့်မယ် "
" ရတယ်လေ.. သေမယ် "
" ဖယ် လွှတ်လို့ပြောနေတယ် "
အခြေအနေ မဟန်တာ ကြောင့် လမ်းဘေးကို ခဏထိုးရပ်ကာ
" ဟုတ်ပြီ...မောင်ကပဲတောင်းပန်တယ် ၊ ခင်ဗျားငြိမ်ငြိမ်နေ ဟုတ်ပြီလား "
" မင်း အမေ ရှိတဲ့ဆီဆိုရင် ငါမလိုက်နိုင်ဘူး "
" ဘာလို့လဲ...မေမေက ခင်ဗျားကိုချစ်ပါတယ် , ချစ်လို့လဲ... အဲ့ကနေခေါ်လာခဲ့တာမလား "
ယိုရှီဟာ ထိုစကားကိုကြားတော့ ချက်ချင်းပြုံးလိုက်လေသည်။ သို့သော် မဲ့ပြုံးသာဖြစ်သည်။
" လိုက်မယ်..မလား "
"......."
" ခင်ဗျား ဘာလို့ လွန်ခဲ့တဲ့ လေးနှစ်ကထွက်သွားရတာလဲ "
YOU ARE READING
နှလုံးသား ကြိုးမိန့် ( on going )
Fanficမျှော်လင်ချက်မဲ့ အမှုသည် သာလျှင် ငါဖြစ်သည်။