မနက်မိုးလင်းလာတော့ နွေးတယောက်ခေါင်းတွေကိုက်နေသည်။ ခေါင်းကိုက်တာထက် ပိုခံစားမိတာကတော့လက်ရဲ့နာကျင်မှုပင်ဖြစ်သည်။ သူသေချာထလာပြီး ဖွငိ့ကြည့်လိုက်တော့ သူ့လက်ကိုပတ်တီးစီးထားပေးတာကိုတွေ့လိုက်သည်။ အနီးနားကိုပတ်ပတ်လည်သေချာကြည့်လိုက်တော့မှ ကောင်မလေးတယောက်ထိုင်ခုံမှာအိပ်ပျော်နေသည်ကိုတွေ့ရသည်။ နာရီကိုကြည့်လိုက်တော့ မနက်၅နာရီပဲရှိသေးသည်။ သူ့လှုပ်ရှားသံကြောင့်ကောင်မလေးနိုးလာသည်။
"အန်တီနိုးပီလားရှင့် အန်တီသက်သာရဲ့လား"
"ဟုတ် သက်သာပါတယ် ဒါနဲ့မင်းကဘယ်သူလဲ ဘာလို့အခန်းထဲရောက်နေတာလဲ"
"သမီးက အမရာပါရှင့် ဦးစိုင်းရဲ့မြေးပါရှင့် ဟို အခန်းထဲကိုရောက်နေတာကလေ သမီးစိတ်ပူလို့ဝင်လာမိတာပါ။ အန်တီတယောက်တည်းအခန်းထဲမှာတခုခုဖြစ်နေမှာစိုးလို့လာကြည့်မိရင်းနဲ့ ရေချိုးခန်းထဲမှာရေဖွင့်ရင်းအန်နေတာရော လက်ကဒဏ်ရာနဲ့ရောကြောင့် သမီးလုပ်ပေးရင်းနဲ့ စောင့်ပေးနေတာပါ ကျန်တာဘာမှမလုပ်ထားပါဘူး အန်တီကြိုက်သလိုစစ်လို့ရပါတယ်ရှင့် သမီးအနှောက်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော်"
ပြာပြာသလဲ အကြောက်တလန့်ရှင်းပြနေသောကလေးမလေးအားကြည့်ရင်းနဲ့ ညကအကြောင်းတွေတရေးရေးပေါ်လာသည်။ ညကသူသောက်တာများပီးအန်တာသတိရလာသည်။ ထို့နောက်ဘာမှမမှတ်မိတော့။ သူလာကယ်တာကျေးဇူးတင်ရမည် မဟုတ်ရင် လက်ကဒဏ်ရာနဲ့ရော အန်ဖက်တွေနဲ့ ရေတွေစိုတာရောနဲ့ဆို သူအဆုတ်ရောင်ရောဂါပြန်ဖြစ်နိုင်သည်။
"ဟုတ်ပါပီအမရာ ကျေးဇူးပါ လောလောဆယ် ငါ့ကိုသံပုရာရေတခွက်လောက်ဖျော်ပေးပါလား ငါခေါင်းကိုက်နေလို့"
"အမရာ အန်တီ့အတွက်ဂလူးကိုစ့်လေးဖျော်ထားပါတယ်ရှင့် သံပုရာရည်ဆိုအစာအိမ်အချဉ်ပေါက်မှာစိုးလို့ပါရှင့် ဒါနဲ့ဆိုပိုပြီးhangover ဖြစ်တာသက်သာမှာပါ သမီးသောက်ဆေးလည်းစီစဉ်ထားပါတယ်ရှင့်"
"အေး အေးယူခဲ့လိုက်"
အမရာယူလာပေးသည့်ဆေးနဲ့အအေးကိုသောက်ပြီးသူတရေးပြန်အိပ်ရန်ကြိုးစားသည်။
"အော် ကောင်မလေး မင်းလည်းပြန်အိပ်တော့လေ"
"ရပါတယ်အန်တီ အမရာစိတ်ပူလို့စောင့်နေပါ့မယ်"
"ရတယ်မစောင့်နဲ့ ငါကတယောက်တည်းပဲနေတတ်လို့ပါ"
အမရာအလိုက်တသိပဲထွက်ခွါသွားခဲ့သည်။
———————————
နွေးတရေးပြန်နိုးတော့ ခနကလိုခေါင်းကိုက်မနေတော့ဘဲနေသာထိုင်သာရှိလာသည်။ ဒါပေမဲ့ နေရတော့ခက်နေသေးသည်။ သူနိုးလာတဲ့အချိန်ဘေးကိုကြည့်လိုက်တော့ မုန့်နဲ့ကော်ဖီပြင်ထားတာကိုတွေ့လိုက်သည်။ နိုးနိုးချင်းဖုန်းလည့်ကြည့်ချင်စိတ်မရှိတာနဲ့ ရေထချိုးလိုက်သည်။ ညတုန်းကအဖြစ်ပျက်တွေခေါင်းထဲအစီရီဝင်လာပြီး ရတုကိုလည်းသူအံ့ဩမိနေသည်။
လွယ်လွယ်လေးနဲ့ချစ်တတ်တဲ့ ရတုလို့ပဲသူမှတ်ချက်ပေးမိသည်။ ဝေးတာမှရက်ပိုင်းမှရှိသေးတယ် move on လုပ်တာမြန်လွန်းလို့အံ့ဩမိပေမဲ့ အမေတူသမီးပဲလေလို့တော့ ခပ်ရိုင်းရိုင်းမှတ်ချက်တခုပေးမိပြန်တယ်။ သူရေချိုးရင်းနဲ့ လက်ကိုရေမထိအောင်တော့ဂရုစိုက်လိုက်သည်။ ဆေးမကုတဲ့ဆရာဝန်တယောက်ဖြစ်ပေမဲ့ ကျန်းမာရေးအသိနဲ့တော့သူနေဖြစ်သည်။ ရေချိုးပြီးနောက် အကျီအဝတ်စားလဲပြီးတော့ ရာသီဥတုအေးတာကိုကာကွယ်ဖို့အတွက် ဟူဒီတထည်ကိုသူဝတ်လိုက်တယ်။ ပီးတော့ ကော်ဖီခွက်ကိုယူရင်းဝရံတာကိုထွက်လာခဲ့တယ်။ သူ့ဝရံတာကနေလှမ်းမြင်ရတဲ့မြင်ကွင်းကတော့ ဒီအိမ်ကိုစဝယ်ကတည်းက အရမ်းကြိုက်ခဲ့တဲ့ နေရာလေးပေါ့။ အိမ်ရဲ့ပန်းခြံကလေးပါပဲ။ နှင်းဆီပန်းတွေ ခရစ္စမတ်ပန်းပင်တွေ နဲ့ စံပယ်ရုံတွေ စက္ကူပန်းရုံတွေလည်းရှိတာမို့ အရောင်စုံပြီးသိပ်လှနေပါတယ်။ ဒီနေရာလေးမှာပဲ တချိန်တုန်းက မိုးကိုသူပုံတူပန်းချီလေးတချပ်ဆွဲပေးခဲ့ဖူးတာပေါ့။ အခုတော့အမေရောသမီးပါနှိပ်စက်လို့ သူစိတ်ဒဏ်ရာတွေနဲ့ ဒီနေရာကိုတခေါက်ပြန်လာခဲ့ရပါပြီ။ ရုတ်တရက်အတွေးနယ်ချဲ့နေတုန်း ပန်းရုံတွေကြားကနေရုတ်တရက်ထွက်လာတဲ့ ခမောက်ဆောင်းအမျိုးသမီးငယ်လေးကိုတွေ့လိုက်ရတယ်။ နွေးလည်း စိတ်ဝင်စားသွားပြီးအောက်ဆင်းဖို့ဆုံးဖြတ်လိုက်တယ်။
နွေးအောက်ကိုရောက်တဲ့အချိန်မှာ အိမ်ရှိလူတွေကနှုတ်ဆက်ကြပါတယ်။ ဒီအိမ်မှာ ဦးစိုင်းဝေဆိုတဲ့ခြံစောင့်မိသားစုရှိပီးတော့ သူ့မှာ မိန်းမရယ် သူ့သားလင်မယားရယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ နွေး ဆေးကျောင်းတက်နေစဉ် မိုးနဲ့လာလည်တုန်းကနောက်ဆုံးတွေ့ခဲ့ကြတာဖြစ်ပြီး ဖေဖေဝယ်ပေးထားတဲ့ဒီအိမ်ကိုလည်းသူတို့ပဲစောင့်ရှောက်ပေးနေခဲ့ကြတာပါ။
"မမလေးနွေး ညကအဆင်ပြေရဲ့လားဗျာ"
"ပြေပါတယ်ကျေးဇူးပါ ဦးစိုင်း ဦးလေးတို့ရဲ့အဆင်ပြေရဲ့လား အိမ်မှာနေကြရတာ"
"ပြေပါတယ်မမလေး ဆရာကြီးရဲ့ကျေးဇူးနဲ့အားလုံးပြည့်စုံပါတယ် ဒါကျွန်တော့သားနဲ့သူ့မိန်းမလေ မှတ်မိလားဗျ သူတို့လင်မယားကအခုတော့ အိမ်ဆောက်ပစ္စည်းဆိုင်လေးဖွင့်ထားပါတယ် အားလုံးဆရာကြီးကျေးဇူးတွေပါပဲ သူတို့မင်္ဂလာဆောင်တုန်းကသမီးတို့တောင်ငယ်သေးတာပဲ"
မနေ့ညကသူ့ကိုလာလုပ်ပေးတဲ့ကောင်မလေးကိုမတွေ့ရသဖြင့် သူတွေဝေသွားပြီး ပတ်ရှာမိသည်။
သူရှာနေတုန်းမှာပဲ ဦးစိုင်းက
"အော် တယောက်ကျန်နေတာ မိတ်ဆက်ပေးဖို့ သမီးရေ အမရာလာပါဦး"
ခြံထဲကနေအိမ်ထဲကိုပြေးဝင်လာသည့် မြန်မာဝမ်းဆက်နဲ့ပိန်ပိန်ပါးပါးကလေးမလေး ဟာ လက်ထဲမှာပန်းတွေနဲ့။
"ဟုတ်ကဲ့ ဘဘပြောပါရှင့်"
"သမီးရေ ဒါဘဘပြောပြောနေတဲ့ သမီးရဲ့ကျေးဇူးရှင် အန်တီနွေးဆိုတာပဲ"
"ဟုတ်ကဲ့ပါရှင့်အန်တီ"
နှစ်လိုဖွယ်အပြုံးနဲ့တောက်ပစွာ သူမပြုံးပြနေသော်လည်း ခမောက်အကြီးကြီးကြောင့် သူ့အပြုံးကိုတစွန်းတစသာမြင်ရသည်။
"မမလေး ဒါ ကျွန်တော့်မြေးပဲ ကျွန်တော့်သားကမွေးတာ မမလေးရဲ့foundation ကနေ ပညာသင်ဆုနဲ့အခုဆေးကျောင်းတက်ခဲ့တာ အခုဆရာဝန်ဖြစ်နေပြီဗျ သူအစိုးရဆရာဝန်တော့မလုပ်သေးဘဲ လတ်တလောတော့ကျွန်တော့်ကျန်းမာရေးကြောင့်လာနေပေးနေတာ"
"ဟာ အားကိုးနေရပြီပဲ ညီမလေးကအသက်ဘယ်လောက်ရှိပီလဲ"
"၂၄နှစ်ပါရှင့်"
"တော်လိုက်တာ ငယ်ငယ်လေးနဲ့ အိမ်ကိုသိတတ်နေပြီ ဒါနဲ့ ဦးစိုင်းရေ ဦးလေးမိန်းမရော"
ဦးစိုင်းအပါဝင်အားလုံးမျက်နှာပျက်သွားကြသည်။
"မမလေးရယ် ကျွန်တော့်ဇနီးက ဆုံးသွားပါပြီ မနှစ်ကပါ အဲ့ကတည်းကကျွန်တော်လည်းကျန်းမာရေးထိခိုက်သွားတာပါပဲ"
"စိတ်မကောင်းလိုက်တာဦးစိုင်းရယ်"
"ရပါတယ် စိတ်ညစ်စရာတွေထားလိုက်ပါမမလေးရယ် မမလေးမနက်စာစားလိုက်ပါဦး ဒီအိမ်မှာကျွန်တော်ကတော့တခါတလေသန့်ရှင်းရေးလုပ်တဲ့သူနဲ့မှလာတယ် ခြံစောင့်ကလေးနဲ့ အိမ်ကူဖို့ကလေးမလေးတယောက်ရှိပါလိမ့်မယ် ကျွန်တော်က သားတို့လင်မယားနဲ့တူတူမြို့ထဲဘက်မှာအနေများပါတယ် အဲ့မှာကရွယ်တူသူငယ်ချင်းတွေနဲ့ဘုရားတရားလေးလုပ် စကားပြောဖြစ်တာပါ။ ဒီမှာ မမလေးနေတဲ့ရက်ပိုင်းအတွင်းမှာ ကျွန်တော့်မြေးလေး အမရာနေပေးပါလိမ့်မယ်"
"အာ ရပါတယ် ဦးစိုင်းရဲ့ ကလေးကိုခေါ်သွားလိုက်ပါ ဒီမှာအကူတွေရှိနေတာပဲကို"
"ရပါတယ်မမလေး သူကိုကဒီအိမ်မှာပျော်သလို မမလေးကိုလည်းတွေ့ချင်နေတာ သူပဲစောင့်ပေးမယ်ပြောတာ ခေါ်ထားလိုက်ပါမမလေး သူ့ကိုလိုတာခိုင်းလို့ရပါတယ်"
"ကျေးဇူးပါဦးစိုင်း"
——————
ဒီလိုနဲ့အမရာဆိုသော ရှမ်းကပြားမလေးကိုနွေးစတင်သိခဲ့ရသည်။
YOU ARE READING
Love Aunty (ချစ်သောအန်တီ)
Ficción General"၁၈နှစ်အောက်များဖတ်ရှုရန်မသင့်တော်ပါ" "အန်တီ့ရဲ့အပြုံးလှလှလေးတွေရဲ့နွေးထွေးမှုမှာ ထာဝရမဟုတ်တောင် ဒီတညတော့အိပ်ခွင့်ပေးလှည့်ပါ" ဆိုတဲ့ ရတု ဆိုတဲ့ကောင်မလေးဟာ သူ့အမေနဲ့ရွယ်တူဖြစ်တဲ့ နွေး ဆိုတဲ့ အန်တီ့ကိုချစ်မိသွားတယ်။ သူ့မိဘတွေကတော့ အပြင်းအထန်ငြင်းဆန်ခ...