အပိုင်း 27

1.4K 85 28
                                    

အပိုင်း 27

ရွာဓလေ့ထုံးစံအတိုင်း တင်တောင်းသည့်ကိစ္စမှာ  ကြီးကြီးကြူက တင်တောင်းကြေးအဖြစ် ငွေသား ကျပ်သိန်း 500နဲ့ ရွှေ5ကျပ်သားကို တင်သည်။
ဒါ့အပြင် မမနွေရဲ့အခုဖွင့်နေတဲ့အထည်ဆိုင်ပါပေးလေသည်။
မမနွေက တစ်ဦးတည်းသောသမီးမို့ သူ့မှာရှိတာ ကျန်တာမှန်သမျှကိုလည်း မမနွေပိုင်သည်ဟုပြောသည်။

မေမေနဲ့‌ဒေါ်ဒေါ်ကလည်း မင်းငယ်နဲ့ မမနွေအား သူတို့ပိုင်ဆိုင်သမျှအကုန်ကို မင်းငယ်တို့အပိုင်ဟုပြောသည်။
မတ္တရာက ကြီးကြီးက သူ့ပန်းခြံကို မင်းငယ်တို့နာမည်နဲ့လွှဲပေးလေသည်။

မိသားစုက မင်းငယ်တို့အတွက်အားလုံး ပံ့ပိုးပေးကြသည်။

ဘာမှမရှိလည်း မင်းငယ်ဘေးမှာ မမနွေရှိရင်  မင်းငယ် တကယ်ရင်ဆိုင်နိုင်သည်။
မင်းငယ် မမနွေရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ကာ မမနွေကို ငေးကာကြည့်နေမိသည်။
မမနွေက သူ့အတွက်တော့ စိတ်ခွန်အားဖြစ်စေတဲ့ အမျိုးသမီးလေးပင်။
ပျော်ရွှင်နေရင်လည်း မမနွေကို အနားမှာရှိစေချင်သည်။
ဝမ်းနည်းနေရင်လည်း မမနွေကို အနားမှာရှိစေချင်သည်။
မမနွေသာ အနားမှာရှိရင် သူ့ရဲ့နေ့ရက်တွေက အဓိပ္ပာယ်ရှိတဲ့လှပတဲ့နေရက်တွေပင်။

"ကဲ နွေရိပ်နဲ့ မင်းငယ် လက်မှတ်ထိုးကြမယ်"

လူကြီးတွေရဲ့ရှေ့မှာ မင်းငယ်နဲ့မမနွေ လက်မှတ်ရေးထိုးလိုက်ကြသည်။

ထို့နောက် မမ‌နွေက မင်းငယ်ကို ကြည့်ကာ....

"မင်းငယ်...မမနွေ မင်းငယ်အနားမှာ သက်ဆုံးတိုင် ရှိနေပေးမယ်နော်"

"ဟုတ်...ဘယ်လိုလောကဓံတွေရင်ဆိုင်ရပါစေ မမနွေဘေးမှာ သေတပန် သက်တဆုံး လက်တွဲမဖြုတ်ဘဲ မင်းငယ်ရှိနေပေးပါ့မယ်"

.
.
.

လူကြီးတွေက မင်္ဂလာဆောင်ရက်ကိုရွေးကြသည်။
ထို့နောက် ရွာဓ‌လေ့အတိုင်း  မင်္ဂလာဆောင်အတွက်အကျွေးအမွေး၊ဧည့်ခံကိစ္စတွေပြောပြီးနောက် ရေခဲမုန့်ကျွေးမယ့်အစီအစဉ်ရောက်လို့လာလေပြီ။

ရေခဲမုန့်စားချင်လို့ စောင့်နေကြတဲ့ ရွာထဲက ကလေးပိစိ တသိုက်ကလည်း ထိုင်ခုံပေါ်မှာ ထိုင်နေကြလေသည်။

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now