အပိုင်း 28
အိမ်ကိုရောက်ရောက်ချင်း ကောင်မလေးနှစ်ယောက်ကို ခဏနားစေပြီး ရေချိုးခိုင်းလိုက်သည်။
ရေချိုးပြီးနောက် အထည်ဆိုင်ထဲကို နှစ်ယောက်လုံးအား လာဖို့ပြောထားသည်။
နွေရိပ် စစ်စရာရှိသည့်အထည်တွေကို စစ်နေပြီး လူဆိုးမလေးနှစ်ယောက်ကို စောင့်နေလိုက်သည်။ခဏအကြာတွင် နှစ်ယောက်သား မျက်နှာငယ်လေးတွေနဲ့ ဆိုင်ထဲကိုဝင်လာလေသည်။
"မမနွေ မင်းငယ်တို့ရောက်ပါပြီ"
"အင်း ခဏစောင့်ဦး...ကိုယ်စစ်စရာရှိတာလေးတွေတစ်ချက်စစ်မို့"
"ဟုတ်"
အထည်တွေစစ်နေတဲ့ မမနွေရဲ့ မျက်နှာကို မင်းငယ်ခိုးကြည့်နေမိသည်။
မင်းငယ်နဲ့ဘေဘီ ဒီနေ့ သေချာပေါက် အဝကြီးအတွယ်ခံရတော့မယ်ဆိုတာ မမနွေမျက်နှာကြည့်ရုံနဲ့မင်းငယ်သိလေပြီ။
အထည်ဆိုင်ထဲက ဘုရားစင်မှာချိတ်ထားတဲ့ စံပယ်ပန်းရနံ့လေးက မွှေးပျံ့လို့နေသည်။
ကျွန်းထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ မီမီက ဖုန်းသုံးရင်း သူတို့ကို တစ်ချက်တစ်ချက်ကြည့်ပြီးရယ်နေလေသည်။"ကဲ ကိုယ်စစ်လို့ပြီးပြီ"
မမနွေအသံကြောင့် မင်းငယ်နဲ့ဘေဘီ ထိတ်လန့်သွားရသည်။
မမနွေပုံစံက ဒီနေ့မှ ပိုကြောက်စရာကောင်းနေသည်။"လမင်းငယ်နဲ့ ဘေဘီ ...လက်ပိုက်ထားမယ် နှစ်ယောက်လုံး"
"ဟုတ်"
"ဘာအချိုးချိုးသွားတာလဲ ဟမ်!"
"...."
" နှစ်ယောက်လုံးကိုမေးနေတယ်ဖြေ! "
မင်းငယ်နဲ့ဘေဘီက မဖြေဘဲ ကြမ်းပြင်ကိုသာကြည့်နေလေသည်။
နွေရိပ် သူမေးတာမဖြေတဲ့ကောင်မလေးနှစ်ယောက်ကို ပိုလို့ဒေါသထွက်လာသည်။"ဖြေစရာစကားမရှိဘူးလား"
"မမနွေ ...မင်းငယ်တို့ တောင်းပန်ပါတယ်...FBပေါ်မှာ postတင်ချင်လို့ မင်းငယ်တို့ ပုံသွားရိုက်ကြတာပါ"
"နေပါဦး...မင်းနဲ့ကိုယ်နဲ့က friတွေလေ...မင်းတင်ရင် ကိုယ်သိမယ်ဆိုတာ မတွေးဘူးလား...လည်ရင်လည်း တစ်ပတ်ပြည့်အောင်ထိလည်"

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Storie d'amoreမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။