*7*

1.8K 81 32
                                        

Unicode......

"

ကျွန်တော်ကို မျိုးနွယ်စုတွေက ဘာလို့လိုချင်နေကြတာလဲဟင် ဦး......"

"မင်းက သွေးနှောဖြစ်နေလို့လေ ။သွေးနှောတွေဟာ အစွမ်းကြီးမားတယ်။လိုချင်သလို သူတို့ပုံဖော်နိုင်သလို သွေးနှောကိုပိုင်ဆိုင်သူဟာလည်း တဖြေးဖြေးနဲ့ အင်အားကြီးမားလာတယ်...."

"ဦးလည်း သွေးနှောပဲလေ ။ဘာလို့ ဦးကိုကြ မလိုချင်ကြတာလဲ..."

"ကိုယ်က သွေးနှောစစ်စစ်မဟုတ်ဘူးလေ ။လုပ်ယူပြီးမှ ရလာတဲ့သွေးနှော ။မင်းကကျတော့ အဲ့လိုမဟုတ်ဘူးလေ ‌......"

"ဦး ပြောတယ်နော် ။ပိုင်ဆိုင်သူက တဖြေးဖြေးအင်အားကြီးလာမယ်ဆို ။ခု ဦးက ကျွန်တော့်ကိုပိုင်ဆိုင်နေတော့ ဦးလည်းတဖြေးဖြေးအင်အားကြီးလာမှာပေါ့နော်....."

"ဒါကတော့ မပြောတတ်ဘူးလေ......"

"ဦး အင်အားကြီးလာရင် ဦးနားမိန်းမယောက်ျားမကျန် အကုန် ကပ်လာကြတော့မှာ ။အဲ့လိုမျိုးမကြိုက်ဘူး ။အင်အားကြီးလာတာနဲ့အမျှ ဦးက ကျွန်တော့်နားပိုပိုကပ်တာမျိုးပဲလိုချင်တာ....."

နှုတ်ခမ်းမဆူရုံတမယ်ပြောလာသော ကောင်လေးကြောင့် ထယ်ဟျွန်း ခိုးပြုံးမိလိုက်သည်။အင်အားကြီးလာတာနဲ့အမျှ  သူ့နားပိုကပ်ရအုံးမယ်ဆိုပဲ။ဒီအသက်အရွယ်ဆိုတာ သစ်ရွက်ကလေးလှုပ်နေတာကအစ ရင်ခုန်စိတ်လှုပ်ရှားတဲ့အရွယ်။ကိုယ်ကသူ့ကို ပိုင်ဆိုင်ရပါ့မလားဆိုတာ မသေချာ။

"ဦးနော် ခုကတည်းကစပြီး အနားမကပ်ခင်ကတည်းက ဦးဆီမှာ ကျွန်တော်ဆိုတဲ့ဆိုင်ရာပိုင်ရာလေးရှိကြောင်းကို အမူအရာနဲ့ကောအပြောနဲ့ပါ ပြထားနော် ......"

"ဟုတ်ကဲ့ခင်ဗျ......"

ကောင်လေးအလိုကျလိုက်ရော ပေးလိုက်တော့ ချစ်စဖွယ်ကောင်းစွာ ပြုံးပြလာသည်။

"ဂတိပေး ......"

ကလေးဆန်ဆန် လက်သန်းထောင်ကာ ဂတိတောင်းလာသော ကောင်လေး ။

"ဂတိဆိုတာ လွယ်လွယ်နဲ့မတောင်းရသလို လွယ်လွာ်နဲ့လည်းမပေးရဘူး ကောင်လေး ....."

My Favourite Medicine (ရပ်နား)Where stories live. Discover now