![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ●
𝓡𝓲𝓬𝓴𝔂
&
the birthday present
■မေလရဲ့ မိုးအစအနသည်..
West Virginia နယ်က တောင်ဇလပ်နီနီတွေ ခြယ်သသော ဒီမြို့လေးကို စိုပြေစေပြီး ။မြို့စားမင်းကိုယ်တိုင် တက်ရောက်ချီးမြှင့်ရသည့် မွေးနေ့ ဂုဏ်ပြုပွဲသည် တောင်ကုန်းပေါ်က ဒီစံအိမ်ကို အသက်ဝင်စေသည်။
"သခင်လေး Ricky အတွက် Appalachian pearl တစ်ဆင်စာ လက်ဆောင်ပေးအပ်ပါရစေ"
"၈ နှစ်ပြည့် မွေးနေ့အတွက် ဂုဏ်ယူပါတယ် သခင်လေး Ricky"
ရပ်ဝေးက တော်ဝင်မျိုးနွယ်တွေသည်လည်း အဖြူရင့်ရောင် ရဲတိုက်ရဲ့ ကျောက်သလင်းလှေကားတဆစ်ချိုးမှာ လက်ပြနှုတ်ဆက်နေသော ကလေးငယ်ကို မြှောက်စားကြသည်။
ခက်ထန်သော နှုတ်ခမ်းပုံစံနဲ့
ဒင်္ဂါးလို မျက်လုံးကြီးကြီးလေးတွေသည်..ဒီလူတသိုက်အား
သိပ်နှစ်လိုနေဟန် မပြ။"မြေး Ricky အတွက် အဘိုးက တောင်ပိုင်းက မီးသွေးစက်ရုံကို အပိုင်စားပေးတယ်ကွာ"
"ဒါ အန်တီတို့ သမီးလေးလေ သား Ricky နဲ့ ရွယ်တူတွေဆိုတော့ ခင်ခင်မင်မင်နေပေးနော်"
ဆွေမျိုးအရင်းနှင့် ဆွေမျိုးတဝမ်းကွဲတွေက သူ့ကို စိတ်ရှုပ်စေရုံ တဝီဝီ နားပူသည်။
Ricky သည်..
ဒူးဖုံးဘောင်းဘီရဲ့ ဘေးစကို ကျစ်ကျစ်ဆုတ်ထားပြီး ။ လက်ဖျားဇာပွင့်လေးတွေ ဖောင်းနေသည့် ရှပ်အင်္ကျီဖြူရဲ့ လည်တိုင်မှာ စည်းထားသော အသက်ရှူကျပ်စေသည့် ပန်းပွင့်ပုံ ပိုးပိတ်စကို ဖြုတ်ချင်စိတ်တွေ ပေါ်လာသည်။

YOU ARE READING
𝟓𝟐𝟎𝟏𝟑𝟏𝟒 |oneshot
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Android x Human 𝓗𝓪𝓹𝓹𝔂 𝓑𝓲𝓻𝓽𝓱𝓭𝓪𝔂 𝓡𝓲𝓬𝓴..