🧡အတိတ်မေ့ ခင်ပွန်း🧡Part 35
"လိမ်လိမ်မာမာနေပါ ညီမလေး..."
ပန်ပန် ရုန်းကန်ရန် အခွင့်အရေးကို ရှာနေသည်ကိုသိသည့် စစ်မင်းနွယ်က သိစွာ ပြောလာသည်
ပန်ပန် အဆုံးမှာတော့ စိတ်လျော့ကာ ခေါ်ဆောင်ရာနောက်ကို ပါလာရသည်
ဂူအပြင်ဘက်ဟာ အေးစက်ပေမဲ့ ဂူအတွင်းတွင်တော့ ပူလောင်သည်ထက်ပူလောင်လာသည်
ထိုအကြောင်းအရင်းရဲ့ဇစ်မျှစ်အား သူတို့ ဂူအတွင်းထဲရောက်မှ နားလည်သွားရသည်
"ချော်ရည်တွေလား....."
အမှန်တကယ် ချော်ရည်တွေပါဘဲ....
ဒီပယံတို့ အောက်သို့ငုံ့ကြည့်လိုက်ရာ ချော်ရည်များကြားတွင် နေရာလွတ်များရှိနေပြီး ထိုနေရာလွတ်များကြားတွင်တော့ ရွှေဒင်္ဂါးနဲ့ရတနာများစွာ အပြည့်နေရာယူထားသည်ချော်ရည်စီးကြော်များက ရတနာပုံကြီးများ ကြားတွင် စီးဆင်းနေလျက်ရှိပြီး ရတနာပုံကြီးကို သဘာဝအလျောက် ကာကွယ်ပေးထားသလိုဖြစ်နေသည်
သူတို့ အောက်ကိုမဟုတ်ဘဲ အပေါ်ကို ကြည့်ချိန်တွင်တော့ အမြင့်နေရာတွင် ခေါင်းတလားကြီး တစ်ခုအားတွေ့လိုက်ရသည်
ထိုခေါင်းတလားကြီးက ပုံမှန်မဟုတ်ဘဲ ကျိန်စာစာရွက်များနဲ့လည်း ပတ်ထားပုံရသည်
"မင်းသွားလိုက်..."
စစ်မင်းနွယ်က သူ့ဘေးရှိ ဂူဖောက်ပညာရှင်ကို ပြောလေသည်
"ဒီနေရာကနေ အဲ့ကို ဘယ်လိုခုန်ကူးမလဲ...."
စစ်မင်းနွယ်က ဂူခေါင်မိုးကနေ တွဲလောင်းကျနေတဲ့ များစွာသော နွယ်ပင်များကို မေးငေါ့ပြသည်
"အဲ့ဒါနဲ့....."
ဤသို့နှင့် ဂူဖောက်ပညာရှင်လည်း ခုန်ကူးရန်ပြင်လေသည်
ဒီပယံကတော့ ပန်ပန်အား နာကျင်လောက်အောင်ဖမ်းချုပ်ထားတဲ့ စစ်မင်းနွယ်အား စိုက်ကြည့်နေခဲ့သည်
ဂူခေါင်မိုးကြားမှ တွဲလောင်းကျနေတဲ့ နွယ်ပင်များက ခိုင်ခံ့လှသည်
ဂူဖောက်ပညာရှင်ဟာ နွယ်ပင်၏ ခိုင်ခံ့မှုကို စစ်ဆေးပြီးနောက် သူဟာ ခုန်လွှဲလိုက်သည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....