🧡အတိတ်မေ့ ခင်ပွန်း🧡Part 36
ဒီပယံ သူ့ခန္ဓာကိုယ်ဟာ ပြုတ်ကျနေတာကို ခံစားမိသည်
သို့ပေမဲ့ သူတစ်ယောက်တည်းမဟုတ်ပါ
သူ့အား ဖက်တွယ်ထားတဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေးရှိနေသည်သူ့ခန္ဓာကိုယ်ဟာ ထုံကျင်နေလေသည်
သို့ပေမဲ့ သူရေထဲကျသွားတာကို ခံစားမိလိုက်သည်သတိရတစ်ချက်မရတစ်ချက်များကြားတွင် ဒီပယံ အမြင်အာရုံ ဝိုးတဝါးများတွေ့မြင်နေရသည်
ရေထဲသို့ရောက်ချိန်တွင် သူ့အားအသိမဲ့မသွားအောင် ပါးကို ပုတ်ပေးနေတဲ့ လက်ကလေး......
သူအောက်စီဂျင်ပြတ်လတ်မှာစိုးတာကြောင့် သူ့နှုတ်ခမ်းကိုထိတွေ့ကာ လေတချို့သွင်းပေးခဲ့တာတွေ......
"ချမ်းးး.....ချမ်းးး...."
ရေတွေစိုကာ နှာထိပ်လေးရဲနေပြီး မျက်ရည်များဝဲကာ သူ့ကို အသိဝင်လာအောင် ခေါ်နေတာတွေ
သူမေ့မျောနေရာမှ မျက်လုံးများဖျတ်ခနဲ ပွင့်လာပြီး ထထိုင်လိုက်သည်
သို့ပေမဲ့ သူ့ရင်ဘတ်ဟာ အောင့်ခနဲဖြစ်သွားတာကြောင့် သူကိုင်လိုက်မိရာ ဒဏ်ရာကို ဆေးစည်းထားပေးကြောင်းတွေ့လိုက်ရသည်
'သူဘယ်ရောက်နေတာလဲ.....'
သူရောက်နေတဲ့နေရာအား စူးစမ်းကြည့်ရာ ဂူတစ်ခုဖြစ်နေပုံရသည်
ထိုစဉ် ဂူအဝင်ဝမှ ခြေသံကြားတာကြောင့် လှည့်ကြည့်မိသည်
"ပန်ပန်....."
ပန်ပန် သူမရဲ့အကျီတွေဟာ ညစ်ပေနေပေမဲ့ မျက်နှာလေးကတော့ ဖြူစင်သန့်ရှင်းကာနုနယ်နေသည်
"ချမ်း....."
ဒီပယံ သူမက သူ့အား အမုန်းမျက်ဝန်းများနဲ့ ကြည့်လာမယ် ထင်ခဲ့ပေမဲ့ မျက်ရည်များဝဲပြီး သူ့ကို ပြေးဖက်လာတာကြောင့် သူ အံ့ဩသွားခဲ့သည်
"အဟင့်....အီးးး ဟင့်....."
သူမက သူ့အား ဖက်ကာ သည်းထန်စွာ ငိုကြွေးလေတာကြောင့် ရှုပ်ထွေးနေပေမဲ့ သူနှစ်သိမ့်ပေးခဲ့သည်
....................................................
တောငယ်လေးထဲတွင် ချောင်းသေးသေးလေးဟာ စီးဆင်းနေသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Lãng mạnစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....