part_4

306 53 15
                                    

အပိုင်း_၄

.....

ဒီရက်ပိုင်း ညညဆို အိမ်ကိုအရောက်စိတ်နေတဲ့ နိုင်ငံကြီးသားကြောင့် ဆွန်းဂွမ်မှာ အလုပ်ရှုပ်ပါသည်။ ဧည့်သည်က ဧည့်သည်လိုနေပေမယ့် ကိုယ်က အိမ်ကြီးရှင်ပီသချင်တော့ တစ်နေ့တစ်မျိုးမရိုးရအောင် တည်ခင်းမိ၏။

"ဗာနွန် ဒီည ကင်မ်ချီဂျီကဲ စားကြမလား"

"ငါစားလာပြီ"

"မင်းစားလာလည်းငါမစားရသေးဘူး ချက်လိုက်ဦးမယ် ဖယ်ဦး"

အခန်းက နှစ်ယောက်အတွက် ကျဉ်းတယ်မဆိုပေမယ့် မက်တပ်ကြီးနဲ့ခြေရှုပ်နေတဲ့ အမေရီကန်သားကြောင့် ဆွန်းဂွမ်မှာ မျက်စိရှုပ်ရပါသည်။ ဘာမှလုပ်တတ်တာလည်းမဟုတ်ပဲ အနောက်က‌တကောက်ကောက်လိုက်ပြီးကပ်နေကာ သူ့‌ကိုရှောင်ရတာကိုက အလုပ်တစ်ခုဖြစ်နေရသည်။

"ဗာနွန်!.."

စိတ်မရှည်လို့အော်လိုက်တော့ အမေရီကန်သားက မျက်ခုံးပင့်ပြသည်။

"မင်းဖင်မပါဘူးလား"

"ငါ့ဖင်လား ပါတယ်လေ"

"ပါရင်ထိုင်နေ။ မျက်စိကိုနောက်နေတယ် ဘာလုပ်မှန်းမသိဘုး"

"မင်းခိုင်းရင် လုပ်ပေးမလို့လေ"

"မင်းထိုင်နေတာ ငါ့အတွက်ပိုအဆင်ပြေတယ်။ ဗိုက်ကဆာနေပြီ ငါမင်းကို ဝါးစားမိတော့မယ်"

မျက်စောင်းကြီး တင်းကနဲရောက်လာတာမို့ ဗာနွန် ငြိမ်ငြိမ်ပဲထိုင်နေပေးလိုက်ကာ သူလုပ်သမျှကြည့်နေလိုက်သည်။ ရေနွေးဆူနေတဲ့ထမင်းပေါင်းအိုးထဲကို ခေါက်ဆွဲနှစ်ထုပ်ဖောက်ထည့်ကာ ကင်မ်ချီတွေညှပ်ထည့်ပြီးတော့ သူပြော‌တဲ့ ကင်မ်ချီဟင်းရည်ရပါပြီတဲ့။

"စားတော့ "

"မင်းပြောတော့ ကင်မ်ချီဂျီဂယ်ဆို"

"ဒါလည်း စားတတ်ရင် ကင်မ်ချီဂျီဂယ်လိုပဲ။ ‌အွန့်မြည်းကြည့်..."

လူလိမ်ဆွန်းဂွမ်က ဟင်းရည်ပူပူကို မှုတ်ပေးကာ ခွံ‌့တော့ သူသိသိကြီးနဲ့ သောက်လိုက်ရသည်။ ကင်မ်ချီဂျီဂယ်ဆိုတော့လည်းကင်မ်ချီဂျီဂယ်ပေါ့ သူပြောတော့သူ့စကားပဲ မတက်နိုင်ဘူး ၊ လက်မခံရင်လည်း side eyeကြီးနဲ့နှုတ်ခမ်းတထော်ထော်ရန်တွေ့ဦးမည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now