ဧည့်ခန်းထဲတွင် မီမီ၀င်းဖေနဲ့ခင်မောင်တိုးရဲ့"ပန်းချစ်သူ"သီချင်းဟာလွင့်ပျံလို့နေလေသည်
သီချင်းကိုလိုက်ညည်းနေသောသူမှာကံကော်ပါလေ
ဒီအမျိုးသမီးကသီချင်းတွေကိုလည်းသိပ်ချစ်တတ်သေးသည်
တစ်ခါတစ်ရံကျွန်မသီချင်းတွေကိုပင်သိပ်မနာလိုမိပါသည်ကြင်နာသူသာခူးဆွတ်သူဖြစ်ပါစေလေ...
"နွေ ကံကော်သာပန်းလေးတစ်ပွင့်ဆိုရင် ခူးဆွတ်သူဟာနွေပဲဖြစ်စေချင်တယ်"
ဒီအမျိုးသမီးကစကားကိုရင်ခုန်အောင်လည်းပြောတတ်သေးသည်မဟုတ်ပါလား
အပျိုကြီးတွေများသိပ်ကိုစကားတတ်ရဲ့"အဲ့တာဆိုကျွန်မကလည်းအဲ့ပန်းကလေးကိုအမြတ်တနိုးသိမ်းထားရမှာပေါ့"
"နွေ"
ကံကော်ကကျွန်မလက်မောင်းလေးကိုမှီရင်းနဲ့ပြောလာသည်
"နွေကသိပ်ချစ်စရာကောင်းတယ်သိလား"
"သိပါ့ရှင်"
ထို့နောက်ရေဒီယိုမှထပ်ပြီးပျံလွင့်လာတဲ့သီချင်းက ဂျေညီညီရဲ့"လူပျိုကြီးပဲလုပ်တော့မယ်"တဲ့လေ
မညာပါနဲ့စိတ်ထဲမှာမင်းလည်းငါ့လိုခံစားမှန်း
ငါသိတယ် အမူအရာနဲ့လူသိလောက်ပြီ
ရှက်ရမယ့်သူစိမ်းမဟုတ်ပဲမပွင့်တပွင့်မျက်နှာလေးနဲ့အချိန်ဆွဲခဲ့တာအပျိုဟိုင်းကြီးဖြစ်တော့မယ်လက်မောင်းကိုမှီထားတဲ့ကံကော်ကိုကြည့်ရင်းနဖူးလေးကိုငုံနမ်းလိုက်သည်
"ကျွန်မချစ်ဖို့ကောင်းတာ ဒီအပျိုကြီးကိုဘယ်မှီပါ့မလဲ"
ထို့သို့ပြောလိုက်တော့ကံကော်ကဆူပုတ်ပုတ်ကလေးဖြင့်
"အို ကံကော်ကိုအပျိုဟိုင်းကြီးလို့ပြောချင်နေတာပေါ့လေ ဟုတ်လား"
အပျိုကြီး....တကယ်လုပ်မှာလား
ပြောစမ်းပါ ရည်ရွယ်တဲ့မင်းအကြောင်းတွေ...
တကယ်လို့...မင်းနဲ့မပေါင်းဖြစ်ရင်တော့
အားကျမခံလူပျိုကြီးပဲလုပ်တော့မယ်သိပ်အသည်းယားလွန်းလို့အသံထွက်အောင်ပင်အော်ရယ်မိပါသည်
"လှောင်တာပေါ့လေလူကို"
YOU ARE READING
"နွေဦးကံကော်"(short story)
No Ficción"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးတို့ရဲ့အချစ်ဇတ်လေးတစ်ပုဒ် အပိုင်းတိုလေးဖြစ်တာကြောင့်အနည်းဆုံးအပိုင်း၅ပိုင်းသာပါပါလိမ့်မည်