~𝒪𝓃ℯ 𝒦𝒾𝓈𝓈~

235 22 6
                                    

ရာသီဥတုမှာ ‌ညနေစောင်းလုနီးအချိန် ဖြစ်သော်ငြား တမြေ့မြေ့သော အပူရှိန်တို့ကြောင့် တောက်ပလျက်ရှိနေဆဲဖြစ်ကာ အိုက်စက်ဖွယ်ကောင်းလှသည်။ ၎င်းမှာ တစ်နေ့တစ်နေ့ အပြင်သွားရန်တာဆူနေတတ်သော အစ်ကိုဖြစ်သူအတွက် မဟာဆင်ခြေတစ်ခုဖြစ်လို့လာသည်။

"ဆိုဟီးရား လာပါကွာ.. နေတွေအဲ့လောက်ပူနေသေးတာ စိတ်အေး လက်အေး ရင်အေးသွားအောင်လို့ အိုက်စ်ခရင်မ် သွားစားကြရအောင်!"

"အာ ဟျောင်းကလည်း နေတွေအဲ့လောက်ပူနေသေးတာ အိမ်မှာပဲ နေပါတော့လား ဘာလို့ အပြင်ကို အဲ့လောက်သွားချင်နေရတာလဲ??" အိမ်ချစ်သူပီပီ အီဆိုဟီးမှာ မဲလာဆွယ်နေသော အစ်ကိုဖြစ်သူအား အငြင်းအခုံတော့ အရင်ပြုလိုက်ပါသေး၏။

"ဟျောင်း ဝယ်ကျွေးမှာပါဆို ! အိုက်စ်ခရင်မ်တင် မကဘဲ တခြားမုန့်စားချင်သေးတယ်ဆိုလည်း ဝယ်ကျွေးမယ်လေ နော်နော် 🥺"

"တကယ်က မုန့်ဝယ်ကျွေးချင်လို့မဟုတ်ဘဲ လမ်းထိပ် Martက ကျွန်တော့် သူငယ်ချင်းကို ငမ်းချင်တာ မဟုတ်လား .. ဒါမျိုးတွေ ရိုးနေပြီ လိုက်စေချင်ရင် ဒီတစ်ပါတ်လုံး ကျွန်တော့်ကို Rankပါ တင်ပေးရမယ် မုန့်လည်းဝယ်ကျွေးရမှာနော် !" ဆိုဟီးလည်း အခွင့်ကောင်းရတုန်း ယူလိုက်သည်..

"ရတယ်ကွာ လိုက်ခဲ့! ဟျောင်း တစ်ယောက်တည်းဆိုရင် ဒီတိုင်း ဝယ်ပြီးပြန်လာရမှာ စကားပြောပြီး အတင်းရောရင် ဟျောင်းကို ငကြောင်လို့ ထင်သွားမှာစိုးလို့ 🥺"

အီဆိုဟီးလည်း ဘာမှ မပြောတော့ဘဲ လိုက်သွားလိုက်ပါတော့၏။ တစ်ခါတရံ ဆိုဟီးမှာ အစ်ကို ဖြစ်သူနှင့် မိမိက တကယ်ပဲ ညီအစ်ကိုအရင်း‌ရော ဟုတ်ပါရဲ့လားဟုပင် သံသယဝင်မိသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့နှစ်ဦးမှာ ဆန့်ကျင်ဘက် ဖြစ်လွန်းလှသည်။ အစ်ကိုဖြစ်သူက ဖေဖေနှင့်တူ၍ အရပ်မှာ မိုးထိုးအောင် ရှည်လွန်းနေပြီး မိမိကမူ မေမေ‌နှင့်တူကာ အစ်ကိုဖြစ်သူနှင့်ယှဉ်ပါလျှင် ပုတုလေးဖြစ်နေသည်။ အကျင့်စရိုက်ကမူ မိမိက ဖေဖေနှင့်တူ၍ သူစိမ်းတရံများနှင့်ရောနှောရသည်ကို သဘောမကျသလို အပြင်ထွက်ရသည်ကိုလည်း သိပ်မကြိုက်ပေ။ အစ်ကိုဖြစ်သူကမူ လုံးဝဆန့်ကျင်ဘက်ဖြစ်ကာ နှစ်ဆယ့်လေးနာရီလုံး အပြင်ထွက်ချင်‌နေပြီး အပေါင်းအသင်းလည်း မင်လှသည်။

You've reached the end of published parts.

⏰ Last updated: Sep 18 ⏰

Add this story to your Library to get notified about new parts!

~𝒪𝓃ℯ 𝒦𝒾𝓈𝓈~Where stories live. Discover now