အပိုင်း 30

2K 110 23
                                    

အပိုင်း 30

ရွာဓလေ့ထုံးစံအတိုင်း နတ်စင်တွေလိုက်ပြပြီးနောက် မင်းငယ်တို့အဖွဲ့ မဏ္ဍပ်ဆီကိုပြန်လာကြလေသည်။
မဏ္ဍပ်ထဲမှာ လူတွေပြည့်နေပြီး ထမင်းရုံမှာလည်း လူတွေအပြည့်ဖြစ်နေသည်။
ကတ်ဆက်သံကလည်း ဆူညံနေသည်။
ကန်တော့ပွဲရွက်တဲ့ ဒေါ်လေးတွေရယ်၊ အဖော်ပါလာတဲ့သူငယ်ချင်းတွေရယ်၊ နတ်ကတော်ရယ်ကို မင်းငယ် အအေးတစ်ယောက်တစ်ဗူးဆီဝေပေးလိုက်သည်။

"မကြီးမိုးသက်! မကြီးအတွက် ညနေကြ ထပ်လာမယ်နော်"

"အေးအေး"

"အာ ဒေါ်လေးကြည် ထမင်းစားသွားဦးလေ.. ပြန်တော့မလို့လား....ဝက်သားပြွန်းရယ် အချဉ်သုပ်ရယ် အငံကြော်ရယ်နဲ့ တကယ်စားကောင်းမာ"

မင်းငယ် ‌အပြောဆုံးသည်နှင့် မမနွေက မင်းငယ်ဗိုက်ကလေးကို လှမ်းတို့သည်။
မမနွေဘာလို့တို့လိုက်သလဲဆိုတာ မင်းငယ်တစ်ယောက်နားမလည်သေး။

ဒေါ်လေးကြည်က မေမေတို့နဲ့စကားပြောပြီး သူ့အိမ်ကိုပြန်သွားလေပြီ။

"စောနာက မင်းငယ်ဗိုက်ကို ဘာလို့တို့လိုက်တာလဲ မမနွေ"

"နတ်ကတော်သွားပြီး ဝက်သားပြွန်းနဲ့ထမင်းစားပါဦးလားလုပ်နေလိုက်"

"အာ ဟုတ်သားပဲ...မင်းငယ်မေ့သွားတယ် ဟီး"

မင်းငယ် မမနွေကို သွားလေးဖြီးပြီးသာရယ်ပြလိုက်သည်။
အချစ်စိတ်တွေကြောင့် ပူထူသွားပြီး မင်းငယ် နတ်ကတော်ကို ဝက်သားပြွန်းနဲ့ထမင်းကျွေးမိသွားတာဖြစ်သည်။

"မင်းငယ်... မမနွေ မင်းငယ်တို့ ထမင်းစားဖို့ပြင်လိုက်ဦးမယ်"

"အာ ..ပူတော့ မင်းငယ်စားတောင်မစားချင်သေးဘူး ...မမနွေကဆာပြီလား"

"မင်းငယ် အချိန်ကိုကြည့် ...စားချိန်ရောက်နေပြီလေ ...ထမင်းအချိန်မှန်မစားတာ ကောင်းတဲ့အမူအကျင့်မဟုတ်ဘူးနော် ကလေး"

မမနွေက နှုတ်ခမ်းကလေးစူကာပြောလေသည်။
မင်းငယ် မမနွေအနားကို ကပ်လိုက်ပြီး ခါးလေးကို ဖက်လိုက်သည်။
ထို့နောက် မမနွေရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို ကိုင်ကာ...

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now