ရစ်ခီ! ရစ်ခီ! ရစ်ခီ!!
ဘေးပတ်လည်ကစိတ်အားထက်သန်စွာအားပေးနေတဲ့အသံတွေကြားထဲ စတိတ်စင်ပေါ်ကနေ အလင်းရောင်ဖြာထွက်လာခဲ့ပြီး အနီရောင်ဆံပင်တောက်တောက်နဲ့ကောင်လေးတစ်ယောက် မင်းသားလေးသဖွယ်ထွက်ပေါ်လာခဲ့တယ်။
ဒုတ်..ဒုတ်
အာ...ခုန်လာပြန်ပြီပဲ ဒီလူကိုတွေ့လိုက်တိုင်း သူ့နှလုံးသားက အရူးတစ်ယောက်ကိုခုန်ခုန်လာတယ်။
လှရက်လိုက်တာ..
စတိတ်စင်ပေါ်ကကောင်လေးက သီချင်းသံနဲ့အတူမြောပါနေကာ လှပစွာကခုန်နေပြီး အသံလှလှလေးနဲ့သီချင်းဆိုနေသည်။
စတိတ်စင်အောက်က ကောင်လေးကလဲ သူ့မျက်မှန်ဝိုင်းဝိုင်းလေးကို ပင့်တင်ရင်း ကင်မရာတစ်လက်နဲ့ စတိတ်စင်ပေါ်က ကောင်လေးရဲ့အလှတရားတွေကို အမိအရဖမ်းနေသည်။
..................................Concert ပြီးသွားတော့ စတိတ်စင်နောက်ထဲကို ဖန်တွေကိုပြုံးပြရင်းဝင်သွားတဲ့ ကောင်လေးကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ ကင်မရာလေးကိုကိုင်ရင်း Concert အပြင်ကိုထွက်လာခဲ့တယ်။
ကင်မရာကရိုက်ထားတဲ့ ပုံလှလှလေးတွေကိုကြည့်ရင်း သွားဖြူဖြူတွေပေါ်အောင်ပြုံးကာ အရှေ့ကိုမကြည့်ပဲနဲ့ လမ်းလျှောက်နေခဲ့တယ်။
"ဟန်ယူဂျင်း!"
ကင်မရာကိုကြည့်နေတဲ့မျက်လုံးတွေကနေ ဘေးပတ်လည်ကိုလှည့်ကြည့်လိုက်တယ်..
"ကျစ်..ဟန်ယူဂျင်းငါ့ကိုတောင်မစောင့်ပဲ တစ်ယောက်ထဲသွားရက်တယ်"
"ပုံတွေကိုရိုက်ထားတယ်မလား ပြဦး"
သူ့ဆီက ပြန်ဖြေတာကိုမစောင့်ပဲနဲ့ ကင်မရာကို ဆွဲယူသွားကာ ရိုက်ထားတဲ့ပုံတွေကိုကြည့် နေသည်။
"အာ..ရှန်ချွမ်ရွေ့တို့ကတော့ ဘယ်လိုကြည့်ကြည့်ချောနေတာပဲ၊ မကြည့်လိုက်ရတာ နာလိုက်တာကွာ "
ကင်မရာကရိုက်ထားတဲ့ပုံတွေကိုကြည့်နေရင်း သူ့ထံ ညည်းတွားနေတဲ့သူကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ..