Part - 3

812 60 17
                                    

>> Unicode <<
~~~~~~~~~~~~

" ဂုဏ်ယူပါတယ်ကွာ ငါ့တူ "

" ဟုတ်ကဲ့ခင်ဗျ.. ကျေးဇူးပါ "

နှုတ်ဆက်သွားသည့်ဧည့်သည်ရဲ့ မျက်ကွယ်ရာရောက်သည်နှင့် ဩဂတ်စ်ဧဿန် သက်ပြင်းဖွဖွချ၏။ အနှစ်မရှိသည့်မင်္ဂလာပွဲဟာ စိတ်ရောကိုယ်ပါသိပ်ကိုပင်ပန်းလွန်းရဲ့။ ပွဲကတော့ အောင်မြင်စွာပြီးမြောက်သွားပြီး သူနှင့်ကိုယ်လည်း တရားဝင်အကြင်ခင်ပွန်းတွေဖြစ်သွားပြီပေါ့။

မိတ်ဆွေများနှင့်နှုတ်ဆက်နေကြသည့်ဒယ်ဒီနှင့်မာမီကို စောင့်ဆိုင်းရင်း သူငယ်ချင်းတွေနားမှာပဲ ဩဂတ်စ်ရှိနေသည်။ သံသာလင်းရိပ်ကလည်း သူ့အပေါင်းသင်းများနှင့်ရှိနေပြီး နှစ်ယောက်သားစကားသေချာမပြောမိကြ။

" ကိုကို.. ကိုကို.. ဒီမှာ "

အနားရောက်လာတဲ့ တိုင်းမြတ်ဝဿန်က သူ့ဖုန်းကိုအတင်းထိုးပြ၏။ ကြည့်လိုက်တော့ ဘားတစ်ခုမှာ DJ သမားတစ်ယောက်ဖျော်ဖြေမည့်ကြေညာစာ Post တစ်ခုသာ။

" ဘာဖြစ်လဲ "

" ဒီညလိမ့်မယ်လေ "

" ပင်ပန်းရတဲ့ထဲ၊ မင်းဟာမင်းသွား "

" ဟ မင်းကအဲ့လိုနော် ! လင်စောစောရတယ်ဆိုပြီး ချေမိုးသွားတာလား၊ အောက်ခြေလွတ်တာလား "

" နေစမ်းပါ တိုင်းမြတ်ရာ "

သူတို့ညီအစ်ကိုနှစ်ယောက်ကိုကြည့်နေတဲ့ဘော်ဒါများမှာ တိုင်းမြတ်ဝဿန်ဘက်ကချည်း။ ညစဉ်ရက်ဆက် ပွဲတွေဆက်နေခဲ့တာကြောင့် ဩဂတ်စ်လည်း အနားယူချင်သည်။ သို့သော် ညီဖြစ်သူကိုယ်တိုင်က သူ့ကိုအနားမပေးချင်သည့်ပုံ။

" သား "

မာမီက အနားရောက်လာ၏။ ဒယ်ဒီကတော့ အနောက်ကနေ မျက်နှာထားတင်းတင်းဖြင့်ကပ်ပါလာသည်။

" ဟုတ်ကဲ့ "

" မာမီတို့ပြန်မယ်၊ သားတို့ အပြင်သွားကြဦးမှာလား "

" ညမှသွားတော့မလို့၊ ပြန်မယ်လေ မာမီ "

" လင်းရိပ်မိဘတွေကိုလည်း သွားနှုတ်ဆက်လိုက်ဦး "

မာမီပြောမှ ဩဂတ်စ်လည်း သူတို့မိသားစုရှိရာကိုလှမ်းကြည့်၏။ အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့်တစ်ယောက်သောသူဟာ သူ့အသိုင်းဝိုင်းရဲ့အလယ်မှာ။ အခြေနေဟာ မပတ်သက်ချင်၍လည်းမရတော့။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭Where stories live. Discover now