BWL part 1

283 9 1
                                    

အချိန်အားဖြင့် မနက် 8နာရီခန့်ရှိပြီ။ဘုန်းတည်ကြည် သည် ခြံထဲတွင်ထိုင်၍ဝထ္ထုဖတ်နေခြင်းဖြစ်သည်။ဖုန်းမှလည်း သီချင်းဖွင့်ထားသည်။ဘေးအိမ်မှ ဝုန်းဝုန်းဒိုင်းဒိုင်း
ဆူညံနေသံများကြောင့် သီချင်းအသံကိုလျော့လိုက်သည်။

"အင်း..ရန်ဖြစ်နေကြပြန်ပြီထင်ပါရဲ့"

စိတ်ထဲမှပင်တွေးလိုက်မိသည်။ဆူညံသံများကိုမကြားလို၍လည်းကောင်း၊ဝထ္ထုထဲသို့ပြန်၍အာရုံစူးစိုက်မရတော့သောကြောင့်လည်းကောင်း အိမ်ထဲပင်ပြန်ဝင်လာခဲ့သည်။

"မေမေတောင် သားကို ထွက်ခေါ်မလို့ ကိုထူးအောင်က ရန်ဖြစ်ရင် ဘေးမှာတွေ့တဲ့သူကိုပါ ရမ်းတတ်တာလေ။ခုလည်း သူမကောင်းတာပါလေ။မရင်သူက သူ့တစ်ဦးတည်းညီမလေးကဆုံးသွားလို့ သားလေးကျန်ခဲ့တာရယ်။အဲတာကို အိမ်မှာခေါ်ထားခြင်တယ်လေ။သူတို့လည်း စီးပွားရေးအဆင်မပြေတာမှမဟုတ်တာပဲ။တစ်ဦးတည်းသော တူလေးပဲဟာကို မရင်သူတို့မှာလည်းသားသမီးမှမရှိတာကိုကွယ်"

မေမေကတော့ အမျိုးသမီးတို့၏ထုံးစံအတိုင်း ပြောနေပါတော့သည်။ဘေးအိမ်မှဆူညံသံများမှာလည်း ရပ်မသွားပါချေ။တည်ကြည်စိတ်ရှုပ်‌လာ၍ မြို့ထဲသာထွက်လာခဲ့လိုက်သည်။

______

လူငယ်တစ်ဦးသည် လိပ်စာရေးပေးလိုက်သော စာရွက်ကို ကိုင်၍အူလည်လည်ဖြစ်နေသည်။ရန်ကုန်ဟူသော မြို့ကြီးမှလာသော သူသည် ဤမြို့ငယ်လေးရောက်မှ မျက်စိလည်နေပါရော့လား။ပုဂံလမ်းဟူသည်က မည်သည့်နေရာတွင်ရှိသည်ကို သူမသိပါ။‌လမ်းသွားလမ်းလာဟူ၍မေးရအောင်မှာလည်း သူသည်မသိသောသူများကို စကားမပြောခြင်။

"ဒါကိုကို့ကြောင့် ကျောင်းကိုဘာလို့ဒီမြို့သေးသေးလာတက်ခိုင်းတာလည်းမသိဘူး။နယ်မြို့လေးမလို့သာပဲ ဆူညံနေရော။ဒီတိုင်းနေရင်လည်းမရပါဘူးလေ တစ်ယောက်ယောက်ကိုမေးမှရမယ်"

သူစဉ်းစားနေစဉ်ပင် မြင်ကွင်းထဲသို့လူတစ်ဦးဝင်ရောက်လာသည်။အသားညိုညို အရပ်မှာအရမ်းမရှည်သော်လည်း အမျိုးသားတစ်ဉီးတွင်ရှိသင့်သည့် အရပ်နှင့် ခန္ဓာကိုယ်အချိုးအစားရှိသည်။

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now