part_6

405 61 14
                                    

အပိုင်း_၆

..

ဆွန်းဂွမ်အဖွားဆုံးသည့်အကြောင်း ဆွန်းဂွမ်အလုပ်လုပ်နေသော ကော်ဖီဆိုင်မှတစ်ဆင့် ဗာနွန်သိခဲ့ရသည်။ အိမ်ကိုသွားရှာတော့လည်းမတွေ့ ၊ ဖုန်းဆက်တော့လည်း မကိုင်တာမို့ စိတ်ပူမိတာအမှန်ပေ။ ဖြူစင်တဲ့ထို လိမ္မော်သီးလေးဟာ အဖွားဆုံးတာကိုလည်း သူ့အပြစ်လို့ပဲတွေးနေတော့မှာ ဗာနွန်သိပါ၏။ နောက်ကျမှသိခဲ့မိတဲ့ကိုယ့်ကိုယ်ကိုယ်လည်း ဗာနွန်နာကျည်းမိပါသည်၊ အလုပ်မအားလို့ သူဆွန်းဂွမ် အနားမရောက်နိုင်ရုံလေးအတောအတွင်းမှာ အဖြစ်အပျက်တွေကလည်း မြန်ဆန်လွန်းလှပါ၏။

"ဂွမ်လေးက သနားပါတယ်သားရယ်။ ကလေးကစိတ်နဲ့လူနဲ့ကို မကပ်ရှာဘူး။ အစောက‌ေတာ့ ပြာအိုးကိုပိုက်ပြီးထွက်သွားတာပဲ ...."

"ကြာပြီလားအန်တီ"

"သိပ်တော့မကြာသေးဘူးကွဲ့..."

ဆွန်းဂွမ်အိမ်အောက်ထပ်က အန်တီကြီးပြောပြလို့ ဗာနွန်အနောက်ကပြေးလိုက်ရှာမိတော့ ကား‌ေပါ်တက်သွားပြီဖြစ်သော ဆွန်းဂွမ်ကို မှတ်တိုင်မှာ တွေ့လိုက်ရသည်။ နောက်ကားစောင့်ရင် ကြာနေဦးမည်မို့ ဆွန်းဂွမ်ပါသွားသော‌ကားနောက် သူပြေးလိုက်မိတော့၏။ မမှီနိုင်မှန်းသိပေမယ့် ကားရဲ့ဦးတည်ရာကိုတော့သိတာမို့ ဗာနွန်ပို၍ ထိပ်လန့်မိသည်။ ကျေးဇူးပြုပြီး မိုက်မဲတဲ့အတွေးတွေ ‌မတွေးတော့ရင်ကောင်းမယ် ဆွန်းဂွမ်နား....။

သို့သော် ဗာနွန်လိုက်လာတာ သိပ်နောက်ကျသွားခဲ့ပါသည်။ ပြာအိုးနဲ့အတူ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ရေထဲဆင်းသွားသော ဆွန်းဂွမ်က ဗာနွန်ရောက်လာချိန်တွင် ရေထဲသို့ လုံးလုံးနစ်မြုတ်သွားပြီဖြစ်သည်။

"ဆွန်းဂွမ်နား!!.အန်သွဲ့!!!!"

*ဗွမ်း!!*

ဖိနပ်ကိုပင် ချွတ်ချိန်မရပဲ ဗာနွန် မြစ်ထဲခုန်ဆင်းမိသည်။ သူ့ဦးနှောက်ထဲမှာလည်း အတွေးတွေဟာ ‌ဗလာနတ္ထိ အမှောင်ဖုန်းနေခဲ့ပြီ။ သူ့အသက်ကိုပင်ထည့်မတွက်နိုင်တော့အောင် သူ့စိတ်အစုံက ဆွန်းဂွမ်ဆီမှာသာ ရှိနေတော့သည်။
မြစ်လည်မှာ နစ်မြုတ်နေပြီဖြစ်သောဆွန်းဂွမ်မှာလည်း မွန်းကြပ်လာမှ အသိစိတ်ပြန်၀င်လာကာ ရုန်းလေနစ်လေဖြင့် နောက်ဆုံး သူ့စိတ်ကိုယ်သူ လျှော့ချလိုက်တာကြောင့် မျက်လုံးအစုံလေးက မှိတ်ကျသွားတော့သည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now