Soonyoung တို့ Training သည် အချိန်တစ်ခုကြာတော့ Jihoon လည်း တတ်သင့်သလောက်တက်နေပြီဖြစ်ပြီးဆက်ခံပွဲကလည်း နီးကပ်လာသည်နှင့်အမျှ
အချိန်မှာ မနည်းပင်လုနေရသည်။ ဒီရက်ပိုင်းတော့ Training နားထားကာစီစဉ်စရာရှိတာ စီစဉ်နေကြရသည်။Soonyoung တို့လည်း နိုးလာတာနှင့် ကိုယ်လက်ဆေးကြောကာ Suit များဝတ်ပြီး စံအိမ်သို့ထွက်လာကြသည်။
အမွေဆက်ခံပွဲဟုဆိုသော်ငြားလည်း ခမ်းခမ်းနားနားမဟုတ်ပါ။ Underboss နှင့် Capo တို့နှင့်သာ အကျဉ်းရုံးလက်မှတ်ထိုးကြမည် ဖြစ်ပြီး Alphachin Meeting သဘောမျိုးသာ ဖြစ်သည်။ သို့သော် Jihoon ရဲ့ လုံခြုံရေးအတွက် အထူးကြပ်မတ်ရမည်ဖြစ်တာကြောင့် Capo လက်အောက်ရှိSecurity များကို တစ်ဆင့် training ပေးရမည်ဖြစ်သည်။
Soonyoung ကတော့ Jihoon အနီးကပ် Bodyguard ဖြစ်တာမို့ တဖဝါးမှ မခွါ နောက်က လိုက်နေရသည်။
ထိုစဉ်, ကလင်ကလင် ......
Soonyoung ဘောင်းဘီအိတ်ထောင်ရှိ ဖုန်းကထမြည်လာသည်။Jihoon နဲ့အတူ ကွန်တိန်နာရုံတစ်ခုကိုရောက်နေတာ ဖြစ်တာကြောင့် ဖုန်းကို Silent လုပ်လိုက်သည်။
Jihoon နဲ့အတူ ထွက်လာပြီး ကားပေါ်ရောက်တော့မှ ဖုန်းထုတ်ကြည့်တော့ ဆက်နေသူက "အဖေ"။ Missed call 9 ခုလောက်နှင့်မို့ စိတ်ပူမိသွားသည်။ နေမကောင်းဖြစ်လျှင်တောင် ဖုန်းဆက်မခေါ်တတ်သည့် ဖခင်ဖြစ်သူက ဖုန်းတွေ တောက်လျှောက်ဆက်ထားလေသည်။ အလုပ်နှင့် Personal ခွဲခြားထားသော်လည်း
ယခုအချိန်မှာတော့ ဖခင်ဖြစ်သူ အရေးကြီးနေသည်ဟု
ထင်ကာ Jihoon ထံ ခွင့်တောင်းရန်ပြင်လိုက်သည်။"Boss"
အနောက်ခန်းကနေ စာရင်းတစ်ချို့ကို ကြည့်ရင်း
"...."
"အရေးကြီးလို့ ဖုန်းလေးတစ်ချက်လောက်
ခေါ်လို့ရမလား""အင်း"
ထို့နောက်ရှေ့ပြန်လှည့်ကာ contact တစ်ခုကို နှိပ်လိုက်သည်။
တီ တီ တီ ......။ အကြိမ်ပေါင်းများစွာပြန်ခေါ်နေသော်လည်း မြည်နေသော ဖုန်းလေးမှာ ပြန်ဖြေခြင်းမရှိ။ အလုပ်စဝင်ပြီး ကတည်းက ဖုန်းမဆက်ဖြစ်တာဖြစ်ပြီးTraining Gym Room ကို သန့်ရှင်းရေးသွားလုပ်သည့်တစ်ရက်သာ တွေ့ရသေးသည်။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍