နေမင်းကြီးသည် ကောင်းကင်တွင်ရှင်းရှင်းလင်းလင်းထွက်ပေါ်လာပြီး မနက်ခင်းအချိန်လုံးလုံးလျားလျားကြရောက်လို့နေပြီဖြစ်သည်။
ပုံမှန်အားဖြင့်နေထိုးသည်ကိုသဘောမကျ၍ လိုက်ကာခဲရောင်များဖြင့်မှန်များကိုကာထားတတ်သော်လည်း မနက်ခင်းနေရောင်ခြည်ကမူလန်းလန်းဆန်းဆန်းဖြစ်စေသောကြောင့် လိုက်ကာကိုဖယ်ကာ တံခါးကိုဖွင့်လိုက်ပြီး ဝရန်တာသို့ထွက်လာခဲ့သည်။
ခပ်နွေးနွေးနေရောင်ခြည်သည် ရီခီ၏အပေါ်ပိုင်းဗလာဖြစ်နေသည့် ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသည့်အခါ သိမ်းဝေကာ အကြောဆန့်လိုက်ရင်း တလှုပ်လှုပ်သွားလာနေကြသည့် ခပ်သေးသေးလူများကို ငေးကြည့်နေမိသည်။
ထိုအခါမှ ရီခီ့မျက်လုံးထဲထင်းခနဲဝင်လာသောသူသည် ချစ်လှစွာသော ရည်းစားဟောင်း ကင်မ်ဆောလ်နူးပင်ဖြစ်သည်။
ထမင်းဘူးအပြာရောင်နှင့်သူနှင့်ဆင်တူရေဘူးအပါအဝင် မုန့်တွေအများကြီးရှိနေသည့် ခြင်းတောင်းအဖြူရောင်လေးကိုလက်တစ်ဖက်တွင်ကိုင်ထားပြီး တခြားလက်တစ်ဖက်သည်တော့ သူ၏ခါးလယ်လောက်ပဲရှိသည်ကလေးတစ်ယောက်၏လက်ကို တွဲထားသည်။
ထိုကလေးသည်ဦးထုတ်အဝါရောင်ဝိုင်းဝိုင်းလေးနှင့် လွယ်အိတ်အဝါရောင်သေးသေးလေးကိုလွယ်ထားလေသည်။
ရီခီ့၏ရည်းစားဟောင်းတော်တော်များများကသူ့ကိုမကျေနပ်ကြတာများ၍ အခုကင်မ်ဆောလ်နူးမှာလဲထိုအတိုင်းပင်ဖြစ်ပေလိမ့်မည်။
အကုန်လုံးနီပါးကပြတ်ဆဲသွားပြီးနောက်ပြန်လည်ဆုံတွေ့သောအခါများတွင် ရီခီနှင့်တွဲတုန်းကသာလွန်သောအခြေအနေများနှင့်ဖြစ်ပြီး ရီခီကိုထိုအရာကိုပြသရန်လည်း စိတ်လိုလတ်ရရှိကြသည်။ စကားနာလည်းထိုးတတ်ကြသည်။
သို့သော်ကင်မ်ဆောလ်နူးသည်တော့ ထိုအတိုင်းမဟုတ်ခဲ့။သူ့ကိုစစမြင်မြင်ချင်းတွင်အနည်းငယ်အံ့ဩသွားရုံမှအပါး သူမျက်နှာပေါ်တွင်မည်သည့်ခံစားချက်များမှမတွေ့ရ။ဒါဟာလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ရီခီ့ရဲ့ဆောလ်နူးအပေါ်အကဲခတ်နိုင်စွမ်းတွေကျဆင်းသွားတာလည်းဖြစ်နိုင်သည်။ဒါမှမဟုတ်ဆောလ်နူးကခံစားချက်တွေကိုဖုံးကွယ်နိုင်လာတာလဲဖြစ်နိုင်သည်။ဘာလို့လဲဆို သူတို့ကအထက်တန်းကျောင်းသားတွေမှမဟုတ်ကြတော့တာ။
YOU ARE READING
Love's Unfinished Symphony/Sunki/
FanfictionNishimura RIKI × Kim Sunoo A Sunki commission fic Written in Burmese By Chocomilkshake