အပိုင်း 31 (Final)
ဘုရားပန်းအိုးတွေထဲမှာရှိတဲ့ ဝေဆာနေသော အောင်သပြေငုတ်တွေက ကျက်သရေရှိစွာ လှပလို့နေလေသည်။
ဘုရားရှေ့မှာ ပန်းကန်ပြားနဲ့လှူထားတဲ့ စံပယ်ပန်းတွေရဲ့ ရနံ့နဲ့ စိန်တလုံးသရက်သီးတွေရဲ့ ရနံ့ကလည်း သင်းပျံ့လို့နေသည်။ဘုရားခန်းထဲက မေမေ့ရဲ့ ဘုရားရှိခိုးသံ။
မေမေ့ဘုရားရှိခိုးသံကို ဧည့်ခန်းထဲကနေ မင်းငယ်တို့ကြားနေရသည်။
မေမေ့ရဲ့ဘုရားရှိခိုးသံက ကြည်လင်အေးမြနေသည်။"၃၁ဘုံကျင်လည်ကြကုန်သော လူ၊နတ်၊ဗြဟ္မာ သတ္တဝါအားလုံး ကျန်းမာကြပါစေ ၊
ချမ်းသာကြပါစေ၊ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ""တပည့်တော်မရဲ့သမီးလေးတွေ ...သုံးပါးသောကပ်၊ လေးရပ်သော အပါယ်၊ ရှစ်သွယ်သော ရပ်ငှာန၊ ငါးပါးသောရန်သူ၊ မကြည်ဖြူသော သူယုတ်မာတို့နဲ့ တစ်ရံတစ်ခါမျှ မတွေ့ကြုံပါရစေနဲ့ အရှင်ဘုရား"
မေမေ့ရဲ့ဆုတောင်းသံ။
ထိုဆုတောင်းသံမှာ မင်းငယ်တို့အပေါ်ထားတဲ့ မေတ္တာတွေပါနေသည်။
မေမေရဲ့မေတ္တာဟာ မင်းငယ်တို့အား ရေလိုအေးမြစေသည်။ပန်းလိုမွှေးစေသည်။မေမေနဲ့ဖေဖေဆုတောင်းတိုင်း ထိုကဲ့သို့သာ ဆုတောင်းလေ့ရှိသည်။
ဖေဖေ...ဖေဖေ့ကို မင်းငယ်သတိရမိသည်။
မင်းငယ် အခုလို မမနွေနဲ့ လက်ထပ်ပြီးတာကအစ မင်းငယ်ရဲ့ အရာရာကို ဖေဖေ့ကိုသိစေချင်သည်။
ဖေဖေသာသိရင် ဘယ်လောက်တောင်ပျော်နေလိမ့်မလဲ။
"ရှာလည်းမတွေ့၊ကြာလည်းမမေ့၊ငါလည်းတစ်နေ့"ဆိုသည့်အတိုင်း ဖေဖေဟာ မင်းငယ်အတွက် ဘယ်တော့မှ မေ့လို့မရမယ့်ချစ်ရသူပင်။
မင်းငယ်နှလုံးသားထဲမှာ ဖေဖေ့ကိုချစ်တဲ့စိတ်တွေထာဝရရှင်သန်လို့နေသည်။မေမေက ဘုရားရှိခိုးပြီးနောက် မင်းငယ်နဲ့မမနွေအနားကို ရောက်လို့လာသည်။
ပခုံးပေါ်တင်ထားတဲ့ ချည်တဘက်လေးကို မေမေက ထိုင်ခုံပေါ်ကိုတင်လိုက်သည်။"သမီးတို့ ခရီးသွားမှာကို မအိပ်ကြသေးဘူးလား"
"သမီးတို့မအိပ်ချင်သေးလို့ပါမေကြိုင်...စောနာကမှ သပြေခင်းထဲ လမ်းလျှောက်ပြီး လေညှင်းခံလာကြတာ"

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romanceမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။